TikTok က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မျိုးဆက်သစ်များကို ခွန်အားဖြစ်စေမည့် လုပ်ဆောင်ချက်များနှင့် အရင်းအမြစ်များကို သိရှိစေရန် မျှ‌ဝေ

TikTok က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တီထွင်ဖန်တီးနိုင်မှုရှိကာ လူတိုင်းပါဝင်ပြီး ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်နေရာတစ်ခုကို ပံ့ပိုးပေးခြင်းဖြင့် လူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ရန်ဟူသည့် မယိမ်းယိုင်သော ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ပါသည်။ သန်းပေါင်းများစွာသော လူငယ်များသည် ၎င်းတို့၏ Story များကို မျှဝေရန်၊ ကျွမ်းကျင်မှုအသစ်များ လေ့လာရန်နှင့် အသိုင်းအဝိုင်းများတည်ဆောက်ရန်အတွက် TikTok ကို အသုံးပြုလျက်ရှိကြပြီး နောက်မျိုးဆက်ခေါင်းဆောင်များ၊ Creator များနှင့် Changemaker များကို ပုံဖော်ရာတွင် TikTok သည် အရေးကြီးသောအခန်းကဏ္ဍအဖြစ် ပါ၀င်နေကြောင်းကိုလည်း အသိအမှတ်ပြုပါသည်။

သင်ယူမှု၊ တီထွင်ဖန်တီးမှုနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု Hashtag များ

ထို့ကြောင့် TikTok သည် သင်ယူမှု၊ တီထွင်ဖန်တီးမှုနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို လှုံ့ဆော်ပေးသည့် လုပ်ဆောင်ချက်များနှင့် ကမ်ပိန်းများကို မိတ်ဆက်ပေးလျက်ရှိပါသည်။ #LearnOnTikTok ကဲ့သို့သော ကမ်ပိန်းများမှ ပညာရေးဆိုင်ရာ အကြောင်းအရာများသည် သိပ္ပံနှင့် အနုပညာက စကာ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအထိ ကွဲပြားသောဘာသာရပ်များကို စူးစမ်းရှာဖွေရန် တွန်းအားပေးဖန်တီးလျက်ရှိပါသည်။ #YouthDay ကဲ့သို့သော Hashtag များသည် ရာသီဥတုဆိုင်ရာလုပ်ဆောင်ချက်၊ စွန့်ဦးတီထွင်မှုနှင့် စိတ်ကျန်းမာရေးအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စကားဝိုင်းများတွင် TikTok မှ တစ်ဆင့် လူငယ်များ မည်သို့ပါ၀င်ကြပုံကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။

Teen Safety Center

ကျန်းမာရေးနှင့် ညီညွတ်သော ဒစ်ဂျစ်တယ်အလေ့အထများအကြောင်း
ဆယ်ကျော်သက်အသုံးပြုသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကာကွယ်ပေးခြင်းသည် TikTok ၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်ပါသည်။ Family Pairing နှင့် Screen Time Management ကဲ့သို့သော လုပ်ဆောင်ချက်များမှ တစ်ဆင့် ကျန်းမာရေးနှင့် ညီညွတ်သော ဒစ်ဂျစ်တယ်အလေ့အထများအကြောင်း ဆယ်ကျော်သက်များနှင့် ပွင့်လင်းမြင်သာစွာပြောဆိုနိုင်ရန် အုပ်ထိန်းသူများကို အားဖြည့်ပံ့ပိုးပေးထားသည်။ လူငယ်ကောင်စီသည် ဆယ်ကျော်သက်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ကမ္ဘာလုံးဆိုင်ရာ အစပျိုးလုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ၎င်းတို့၏ စကားသံများက ပလက်ဖောင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပုံဖော်ရန်နှင့် အမှန်တကယ် စိုးရိမ်မှုများကို ထင်ဟပ်စေရန် ခွင့်ပြုပေးထားပါသည်။ ပလက်ဖောင်းသည် တင်းကျပ်သော အသက်အရွယ် လိုအပ်ချက်များ၊ ခိုင်မာသော အကြောင်းအရာ စိစစ်ရေးမူဝါဒများကို ပံ့ပိုးပေးထားသကဲ့သို့ လူငယ်များနှင့် ၎င်းတို့၏ မိသားစုများကြားတွင် ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့် တာဝန်ယူတတ်မှုကို မြှင့်တင်ပေးနိုင်ရန် Guardian’s Guide၊ Teen Safety Center နှင့် Community Guidelines ကဲ့သို့သော ယုံကြည်စိတ်ချရသော အရင်းအမြစ်များကိုလည်း ပံ့ပိုးပေးထားပါသည်။

Guardian’s Guide

မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးတွင် TikTok သည် ရည်မှန်းချက်အတိုင်း လူငယ်များအတွက် လုံခြုံကြွယ်ဝသော နေရာတစ်ခု ဖန်တီးရန် ခိုင်မြဲစွာ ရပ်တည်လျက်ရှိနေပါသည်။ TikTok က ဘေးကင်းရေးဆိုင်ရာ အသိပညာပေးရာများတွင် မိဘများ၊ ပညာရှင်များနှင့် အသိုင်းအဝိုင်းများကို တက်ကြွစွာ ချိတ်ဆက်ခြင်းဖြင့် ဒစ်ဂျစ်တယ်ကျန်းမာရေးသည် အားလုံးခွဲဝေတာဝန်ယူရမည့် အရာတစ်ခုဖြစ်ကြောင်း သိရှိနားလည်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ မိတ်ဖက်များ၊ ဒေသန္တရအရင်းအမြစ်များနှင့် ဘေးကင်းလုံခြုံသော ချဉ်းကပ်မှုမှ တစ်ဆင့် ပြည့်စုံသော လုပ်ဆောင်ချက် အစုံအလင်ကို ရှာဖွေလေ့လာရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူငယ်များအတွက် ပိုမိုကောင်းမွန်လုံခြုံသော ဒစ်ဂျစ်တယ်ခေတ်ကို တည်ဆောက်ရာတွင် ပါဝင်ရန် မိသားစုအားလုံးကို TikTok က ဖိတ်ခေါ်လိုက်ပါသည်။ လူငယ်များ၏ အသံများကို ဆက်လက်ချဲ့ထွင်နိုင်စေရန်အတွက် တာဝန်ယူမှ တာ၀န်ခံမှုရှိသည့် ဒစ်ဂျစ်တယ်အသုံးပြုမှုကို အားပေးကာ မျိုးဆက်သစ်များ အွန်လိုင်းတွင် ဘေးကင်းစွာ ရှင်သန်နိုင်သည့် အနာဂတ်ကို တည်ဆောက်ရာတွင် အတူတကွ ကူညီပေးကြဖို့ TikTok က တိုက်တွန်းလိုက်ရပါသည်။

NZ ( ရိုးရာလေး)

The post TikTok က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မျိုးဆက်သစ်များကို ခွန်အားဖြစ်စေမည့် လုပ်ဆောင်ချက်များနှင့် အရင်းအမြစ်များကို သိရှိစေရန် မျှ‌ဝေ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post