Netflix သမိုင်းတစ်လျှောက် ၆ ပတ်အတွင်း လူကြည့်အများဆုံးအန်နီမေးရှင်းဇာတ်ကားဖြစ်လာတဲ့ K-Pop Demon Hunters

အခုဆို K-Pop Demon Hunters ဟာ Netflix သမိုင်းတစ်လျှောက်မှာ ၆ ပတ်အတွင်း ကြည့်ရှုသူ ၂၆ သန်းကျော်နဲ့ ကြည့်ရှုတဲ့နာရီပေါင်း ၄ သန်းနီးပါးထိရောက်ရှိတဲ့ လူကြည့်အများဆုံးအန်နီမေးရှင်းဇာတ်ကားဖြစ်တယ်လို့ Netflix က ဆိုထားပါတယ်။

ဇွန် ၂၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ ဒီအန်နီမေးရှင်းဇာတ်ကားဟာ သဘာဝလွန်တဲ့ခြိမ်းခြောက်မှုတွေကနေ သူတို့ရဲ့ပရိသတ်တွေကို ကာကွယ်ဖို့ လျှို့ဝှက်စွမ်းအားတွေကို အသုံးပြုတဲ့ ကေပေါ့ပ်အိုင်ဒေါအဖွဲ့ HUNTR/X အကြောင်းဖြစ်ပါတယ်။ ဒီဇာတ်ကားထွက်ရှိပြီးကတည်းက မြန်မြန်ဆန်ဆန်ပဲ လူကြိုက်များခဲ့ပြီး လူမှုကွန်ယက်ပေါ်နဲ့ ဂီတဇယားတွေမှာ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဆိုအဖွဲ့က လူအများကို ဆွဲဆောင်ထားနိုင်တဲ့ မူရင်းသီချင်းတွေကို ထုတ်ထားတာပါ။ အဲ့ဒီသီချင်းတွေက Billboard ရဲ့ Global Chart မှာ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဇာတ်ကားက ၆ ပတ်ဆက်တိုက် Top 10 ဇာတ်ကားစာရင်းမှာ ထိပ်ဆုံးက ရှိနေခဲ့ပြီး အရင်နာမည်ကြီးအန်နီးမေးရှင်းဇာတ်ကားတွေဖြစ်တဲ့ The Sea Beast နဲ့ The Monkey King တို့ကို ကျော်လွန်ကာ ထိပ်ဆုံးနေရာက ရယူခဲ့တယ်လို့ Netflix ရဲ့ Internal data အရ သိရပါတယ်။

Ref: K-Pop Demon Hunters becomes most-watched animated film in Netflix history within six weeks

WL ( ရိုးရာလေး)

The post Netflix သမိုင်းတစ်လျှောက် ၆ ပတ်အတွင်း လူကြည့်အများဆုံးအန်နီမေးရှင်းဇာတ်ကားဖြစ်လာတဲ့ K-Pop Demon Hunters appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post