ကမ္ဘာကျော်မင်းသားကြီး ဘရက်ပစ်ဟာ Netflix ရဲ့ ဇာတ်ကားအသစ်မှာ Once Upon A Time ဇာတ်ကားထဲက ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မယ်ဆိုတာကို အတည်ပြုထားပါတယ်။ အသက် ၆၂ နှစ်အရွယ် ဘရက်ပစ်ဟာ ၂၀၁၉ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Once Upon A Time မှာ တိုက်တန်းနစ်မင်းသား လီယိုနာဒို ဒီကာပရီယိုအတွက် စတန့်သမားဖြစ်တဲ့ ကလစ်ဖ် ဘုသ် အဖြစ် သရုပ်ဆောင်ခဲ့တာပါ။
ကွမ်တင် တာရန်တီနို ဇာတ်ညွှန်းရေးသားပြီး ဒေးဗစ် ဖစ်ချာ ရိုက်ကူးသွားမယ့် ဇာတ်ကားအသစ်မှာ ဘရက်ပစ်က ပါဝင်မှာဖြစ်ပါတယ်။ ဒီအကြောင်းကို ဘရက်ပစ်က F1 ရုပ်ရှင်ကားအထူးပြပွဲမှာ ပြောသွားခဲ့တာပါ။ ဒီဇာတ်ကားက Once Upon A Time ထဲက ဇာတ်ကောင်ရဲ့နောက်ဆက်တွဲဇာတ်ကားမဟုတ်ဘူးလို့ သိရပါတယ်။
ဒီဇာတ်ကားအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိမှာဖြစ်ပြီး ဈေးအကြီးဆုံး Streaming မူရင်းဇာတ်ကားတွေထဲက တစ်ကားဖြစ်လာမှာဖြစ်ပါတယ်။ ကွမ်တင် တာရန်တီနိုက ဇာတ်ညွှန်းရေးခအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ရမှာဖြစ်ပါတယ်။ ဇာတ်ကားအသစ်ရဲ့နာမည်နဲ့ အသေးစိတ်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပါဘူး။
Ref: Brad Pitt to reprise his role from Once Upon a Time in Hollywood in new film for Netflix
WL ( ရိုးရာလေး)
The post Netflix ရဲ့ဇာတ်ကားအသစ်မှာ Once Upon A Time ဇာတ်ကားထဲက ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်မယ့် ဘရက်ပစ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment