ငွေ (သို့မဟုတ်) လုပ်အားနဲ့ရှင်းနိုင်တဲ့ တတိယမြောက် အစားအစာဆိုင်ကို ဘွန်ဂျိုဗီတို့ ဇနီးမောင်နှံ ဖွင့်လှစ်

ရော့ခ်ကြယ်ပွင့် ဘွန်ဂျိုဗီကတော့ သူ့ရဲ့ တတိယမြောက် ရပ်ရွာအကျိုးပြု အစားအသောက်ဆိုင်ကို ထပ်မံဖွင့်လိုက်ပါပြီ။ ဒီတစ်ခါမှာတော့ ဘွန်ဂျိုဗီနဲ့ ဇနီးဖြစ်သူ ဒေါ်ရိုသီယာတို့ဟာ နီဝပ်မြို့၊ ရက်ဂျာတက္ကသိုလ် ပရိဝုဏ်အတွင်းမှာ တတိယမြောက် JBJ Soul Kitchen အစားအသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆိုင်ဟာလည်း အခြား JBJ Soul Kitchen အစားအသောက်ဆိုင်တွေအတိုင်းပဲ စားဖွယ်စုံစာရင်းမှာ ဈေးနှုန်းရေးမထားပါဘူး။ ငွေကြေး တတ်နိုင်တဲ့သူက ပေးချင်သလောက် ပေးထားခဲ့လို့ ရသလို ငွေကြေးမတတ်နိုင်သူကလည်း လုပ်အားပေး ဝင်လုပ်ရင်း အစားအသောက် ယူစားလို့ ရပါတယ်။

ကျောင်းသားတွေနဲ့ အိမ်ရာမဲ့တွေ စားရေးသောက်ရေး အဆင်မပြေဖြစ်တာကို ဖယ်ရှားပေးနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဘွန်ဂျိုဗီတို့ ဇနီးမောင်နှံရဲ့ အကြံက ရိုးရှင်း၊ ထိရောက်ပြီး လူအချင်းချင်း လေးစားမှုကိုလည်း ပြသရာလည်း ရောက်ပါတယ်။ လက်ရှိအချိန်အထိ Soul Kitchen တွေကနေ အစားအစာအနပ်ရေပေါင်း ၁ သိန်းကျော် တည်ခင်းနိုင်ခဲ့ပြီးပြီလို့ သိရပါတယ်။

Ref: Bon Jovi opened the third JBJ Soul Kitchen community restaurant

NZ ( ရိုးရာလေး)

The post ငွေ (သို့မဟုတ်) လုပ်အားနဲ့ရှင်းနိုင်တဲ့ တတိယမြောက် အစားအစာဆိုင်ကို ဘွန်ဂျိုဗီတို့ ဇနီးမောင်နှံ ဖွင့်လှစ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post