ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Telsa စီးရီးအို အီလွန်မက်စ်ဟာ သတင်းခေါင်းကြီးပိုင်းမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ ပါဝင်နေပါတယ်။ အခုကတော့ အီလွန်မက်စ်ရဲ့ဇနီးဟောင်း စာရေးဆရာမအက်ရှလေ စစ်ကလားက အီလွန်မက်ရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး ထုတ်ပြောလာတဲ့အကြောင်းပါပဲ။
သားလေးမွေးဖွားပေးခဲ့ပြီးနောက် အီလွန်မက်စ်နဲ့ စကားများခဲ့ကြတယ်လို့ သတင်းထွက်ရှိခဲ့တဲ့ အက်ရှလေဟာ အီလွန်မက်စ်ရဲ့ကလေးရှိချင်စိတ်ပြင်းပြခြင်းကို ဖွင့်ချခဲ့ပါတယ်။ အီလွန်မက်စ်က သူ့ရဲ့သုတ်ပိုးကိုတောင် လှူခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။ အီလွန်မက်စ်ရဲ့သုတ်ပိုးကို လက်ခံရရှိခဲ့တဲ့သူတွေထဲမှာ နာမည်ကြီးဂျပန်အနုပညာရှင်တစ်ဦးပါဝင်တယ်လို့လည်း ပြောထားပါတယ်။ ဘယ်သူလဲဆိုတာကို အရိပ်အမြွတ်အနည်းငယ်တော့ ချပြခဲ့ပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေကတော့ အဲ့ဒီသူက ဂျပန်တီဗီသရုပ်ဆောင်ကြယ်ပွင့် တန်ခါဟာရှိမိုတိုလို့ ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ အီလွန်မက်စ်နဲ့ တန်ခါတို့ကတော့ ဒီခန့်မှန်းပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုလာခြင်းမရှိသေးပါဘူး။
အသက် ၅၃ နှစ်အရွယ် အီလွန်မက်စ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၁၄ ဦး ရရှိထားတာပါ။
Ref: Elon Musk’s Ex Claims He Donated His Sperm To “Famous Japanese Star”; Netizens Think It’s Tenka Hashimoto
WL ( ရိုးရာလေး)
The post အီလွန်မက်စ်က သူ့ရဲ့သုတ်ပိုးကိုတောင် နာမည်ကြီးဂျပန်အနုပညာရှင်တစ်ဦးဆီ လှူပေးခဲ့ဖူးတယ်လို့ အီလွန်မက်စ်ရဲ့ဇနီးဟောင်းထုတ်ပြော appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment