MrJazsohanisharma

Samsung Myanmar မှ ဆိုလာစနစ်သုံး ရေသန့်စက်အဆောက်အဦးများကို အင်အားပြင်းငလျင်ဒဏ်ကြောင့် ရေသန့်ရရှိမှု အခက်အခဲကြုံခဲ့ရတဲ့ ဒေသများအတွက်လှူဒါန်း

မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ သဘာဝငလျင်ဘေးဒဏ် ခံစားခဲ့ရသော ဒေသများအတွက် ပြန်လည်ထူထောင်ရေးအထောက်အပံ့များ စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးလျက်ရှိတဲ့ Samsung Myanmar ဟာ ငလျင်ဘေးဒဏ်ကြောင့် ရေသန့်ရရှိမှု အခက်အခဲကြုံရတဲ့ ဒေသများအတွက် ဆိုလာစနစ်သုံး ရေသန့်စက်အဆောက်အဦးများကို မေလအတွင်းမှာ တပ်ဆင်လှူဒါန်းပေးခဲ့ပါတယ်။

Samsung Myanmar ဟာ ရေရှည်အသုံးပြုနိုင်စေမယ့် ဆိုလာစနစ်သုံး ရေသန့်စက်အဆောက်အဦးများကို စစ်ကိုင်း၊ နေပြည်တော်နဲ့ အင်းလေးဒေသတွေမှာ စုစုပေါင်း (၃) ခု တည်ဆောက်တပ်ဆင်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားများနဲ့အတူ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။  

တပ်ဆင်လှူဒါန်းထားတဲ့ ဆိုလာစနစ်သုံး ရေသန့်စက် တစ်ခုချင်းစီဟာ

  • ISO အသိအမှတ်ပြု သောက်သုံးရေအဆင့် သန့်စင်ပြီးရေသန့်ကို ထုတ်လုပ်ပေးနိုင်တဲ့ အဆင့်မြင့် ရေသန့်စင်စနစ်ပါဝင်ပြီး၊
  • တစ်နာရီလျှင် ရေ (၁,၀၀၀) လီတာအထိ ထုတ်လုပ်ပေးနိုင်ပါတယ်။
  • မိုးလုံလေလုံ အဆောက်အဦးအတွင်းမှာ ဆိုလာစနစ်နဲ့အတူ ထားရှိပေးထားတဲ့အတွက် အသင့်သုံးစွဲသောက်သုံးနိုင်တဲ့ ရေသန့်များကို နေ့စဉ်မနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း လိုအပ်သလိုလာရောက် ယူဆောင်နိုင်မှာဖြစ်ပြီး၊
  • တစ်နေ့လျှင် လူဦးရေ ၁,၇၅၀ စာအထိဖူလုံစေနိုင်မှာဖြစ်ပါတယ်။


Samsung Myanmar ဟာ ငလျင်ဘေးဒဏ်အတွင်း ထိခိုက်ခဲ့တဲ့ Samsung မိုဘိုင်းဖုန်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြန်လည်စစ်ဆေးပြီး “လက်ခ” အခမဲ့ ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ငလျင်ဘေးဒဏ်သင့်ဒေသများမှာ ဧပြီလအတွင်း ပြုလုပ်ပေးခဲ့သေးတာဖြစ် ပြီး၊ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းများကိုလည်း ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် အင်းလေးတို့မှ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းပေးခဲ့ပါသေးတယ်။ ယခုလို စဉ်ဆက်မပြတ် ကူညီပံ့ပိုးမှုများနဲ့အတူ Samsung Myanmar ဟာ မြန်မာပြည်သူများနဲ့ အမြဲရပ်တည်လျက်ရှိနေတာပဲဖြစ်ပါတယ်။

NZ ( ရိုးရာလေး)

The post Samsung Myanmar မှ ဆိုလာစနစ်သုံး ရေသန့်စက်အဆောက်အဦးများကို အင်အားပြင်းငလျင်ဒဏ်ကြောင့် ရေသန့်ရရှိမှု အခက်အခဲကြုံခဲ့ရတဲ့ ဒေသများအတွက်လှူဒါန်း appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post