ကန်းဆပ်ပြည်နယ်က လူမှုအသိုင်းအဝိုင်းဟာ ကင်ဆာရောဂါခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့စိတ်ကူးအိပ်မက်မင်္ဂလာပွဲကို ကျင်းပပေးဖို့အတွက် ကူညီပေးခဲ့ကြပါတယ်။ အက်စတာ ဖာချီစ်ဆိုတဲ့ အဲ့ဒီအမျိုးသမီးက ဒုတိယကလေးမွေးဖွားပြီးတဲ့နောက် မကြာခင်မှာပဲ ကင်ဆာရောဂါကို ခံစားခဲ့ရတာပါ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာတုန်းကတော့ သားအိမ်ဖယ်ထုတ်ဖို့ ခွဲစိတ်ကုသမှုလုပ်တော့ ဆရာဝန်တွေက ကင်ဆာရောဂါလက္ခဏာတွေမတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလမှာတော့ ပြင်းထန်စွာ ဖျားနားပြီးနောက် ဆေးရုံတက်လိုက်ရပါတယ်။ နောက်ထပ်စစ်ဆေးမှုတွေလုပ်တော့ သူ့ရဲ့ဦးခေါင်းထဲမှာ အကျိတ်တွေများစွာတွေခဲ့ရပါတယ်။ သူ့ရဲ့အသည်းနဲ့ အဆုတ်မှာရော အကျိတ်တွေရျိနေခဲ့ပါတယ်။ တချို့အကျိတ်တွေက အရမ်းကြီးလာနေပါပြီ။

အက်စတာမှာ သူ့စိတ်ကူးအိပ်မက်အတိုင်း မင်္ဂလာပွဲတစ်ခု ကျင်းပချင်တဲ့ ဆန္ဒချင်ခဲ့တာပါ။ သူ့ရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် သူ့ရဲ့ယောက္ခထီး မိုက် ဖာချီစ်က GoFundMe ကမ်ပိန်းတစ်ခုလုပ်ခဲ့ပါတယ်။ ရန်ပုံငွေရှာရတဲ့ ရည်ရွယ်ချက်က သူ့ရဲ့စိတ်ကူးအိပ်မက်မင်္ဂလာပွဲရယ် ခရီးထွက်ဖို့ရယ် ဆေးကုစရိတ်ရယ် သူ့ခင်ပွန်းနဲ့အတူ အချိန်များများကုန်ဆုံးနိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးဖို့ပါပဲ။ လူမှုအသိုင်းအဝိုင်းရဲ့လှူဒါန်းမှုကလည်း သူတို့ကလေးနှစ်ယောက်ရဲ့ပညာရေးအတွက် ပါဝင်ပါတယ်။ ရန်ပုံငွေက ဒေါ်လာ ၂၂၀၀၀ နီးပါးရခဲ့ပါတယ်။

၇ နှစ်တာ အတူရှိနေခဲ့ကြတဲ့ အက်စတာနဲ့ သူ့ခင်ပွန်းတို့ဟာ မတ်လ ၈ ရက်နေ့က စိတ်ကူးအိပ်မက်မင်္ဂလာပွဲကို ကျင်းပနိုင်ခဲ့ကြပါတယ်။ မင်္ဂလာပွဲကို ၁ ပတ်ကြာ စီစဉ်ခဲ့နေခဲ့ကြပေမဲ့ ဧည့်သည် ၂၂၂ ဦး တက်ရောက်ခဲ့ကြပါတယ်။
Ref: Community raises $20K to fulfill dream wedding for woman with terminal cancer
WL ( ရိုးရာလေး)
The post လူမှုအသိုင်းအဝိုင်းက ကင်ဆာရောဂါသည်အမျိုးသမီးရဲ့မင်္ဂလာဆောင်ကျင်းပနိုင်ဖို့ ရန်ပုံငွေရှာပေးခဲ့ကြ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment