Constantine နောက်ဆက်တွဲအတွက် ဇာတ်လမ်းအဆင့်သင့်ဖြစ်နေပြီဆိုတဲ့ မင်းသားကြီးကီနူးရိဗ်

လူအများချစ်ခင်နှစ်သက်ကြတဲ့ မင်းသားကြီးကီနူးရိဗ်က ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Constantine ဇာတ်ကားရဲ့နောက်ဆက်တွဲအတွက် ဇာတ်လမ်းအဆင့်သင့်ဖြစ်နေပြီဆိုတာကို အတည်ပြုလိုက်ပါပြီ။

ဒါရိုက်တာဖရန်စစ် လော့ရန့်နဲ့အတူ ဒီနောက်ဆက်တွဲဇာတ်ကားဖန်တီးဖို့ကြိုးစားနေခဲ့တာ ဆယ်စုနှစ် ၁ ခုကျော်ပြီဖြစ်ကြောင်း၊ မကြာသေးခင်ကမှ ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် အတူ ဖန်တီးခဲ့ကြပြီး DC Sudios ကို ထုတ်လုပ်ရိုက်ကူးဖို့ စည်းရုံးခဲ့ကြောင်း၊ Studio က အဆင်ပြေတယ်ပြောလို့ ဇာတ်ညွှန်းရေးဖို့ ကြိုးစားခဲ့ကြောင်း ကီနူးရိဗ်က ပြောလာခဲ့တာပါ။

အသေးစိတ်ကိုတော့ ထုတ်ပြောခဲ့ခြင်းမရှိပေမဲ့ နောက်ဆက်တွဲက ပထမဇာတ်ကားလို တူညီတဲ့ကမ္ဘာမှာပဲ ဇာတ်အိမ်တည်ထားတယ်လို့တော့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒါရိုက်တာဖရန်စစ်က Constantine ၂ ဖြစ်လာဖို့ နီးကပ်လာပြီလို့ ထုတ်ပြောလာခဲ့ပြီး သီတင်းပတ်အကြာမှာ ကီနူးရိဗ်က အခုလိုပြောလာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကလည်း ဒါရိုက်တာက သူတို့ ဇာတ်ညွှန်းအတွက် တက်ကြွစွာ လုပ်ဆောင်နေကြတယ်လို့ ဆိုခဲ့ပါသေးတယ်။

Constantine မှာ မင်းသားကြီးကီနူးရိဗ်က နတ်ဆိုးတွေကို အမဲလိုက်ရတဲ့ ဂျွန်ကွန်စတန်တင်းအဖြစ် ပါဝင်ခဲ့တာပါ။

Ref: Keanu Reeves confirms story ready for Constantine sequel

WL (ရိုးရာလေး)

The post Constantine နောက်ဆက်တွဲအတွက် ဇာတ်လမ်းအဆင့်သင့်ဖြစ်နေပြီဆိုတဲ့ မင်းသားကြီးကီနူးရိဗ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post