အမေရိကန်နိုင်ငံ မစ်ဆူရီပြည်နယ်မှ အမျိုးသားတစ်ယောက်ဟာ ဖုန်းကြည့်ရင်း ထီလက်မှတ်အကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရပြီးနောက်မှာတော့ လွင့်ပစ်လုဆဲဆဲ ဖြစ်နေတဲ့ ထီလက်မှတ်ကို ထီတိုက်ရာမှာ ဒေါ်လာ ၁ သန်းတန် ထီလက်မှတ် ဖြစ်နေကြောင်း တွေ့ရှိခဲ့ပါတယ်။
အမည်မဖော်လိုသူဟာ တေလာမြို့၊ အဝေးပြေးလမ်းမပေါ်မှ စတိုးဆိုင်မှာ Powerball ထီလက်မှတ် ဝယ်ယူခဲ့ပြီး အောက်တိုဘာလ ၂၆ ရက် ထီဖွင့်ချိန်မှာ ထီတိုက်ဖို့ မေ့နေခဲ့တာပါ။ သူသာ ဆက်ပြီး မေ့နေမယ်ဆိုရင် ထီလက်မှတ်ကို လွှင့်ပစ်မိသွားမှာပါ။ တစ်ရက်မှာတော့ ဖုန်းကြည့်နေရင်း FastLane စတိုးဆိုင်က ရောင်းချခဲ့တဲ့ ထီလက်မှတ်က ဒေါ်လာ ၁ သန်း ဆွတ်ခူးတဲ့ သတင်းကို ဖတ်မိပြီး သူ့ထီလက်မှတ်ကို တိုက်ကြည့်ဖို့ သတိရသွားတာပါ။
သူ့ရဲ့ထီလက်မှတ်ဟာ ၈-၁၂-၄၀-၄၅-၅၁ ဂဏန်း ၅ စုလုံး တူညီခဲ့ပြီး ဒေါ်လာ ၁ သန်းဆု ဆွတ်ခူးခဲ့တာပါ။
Ref: News story spares $1M Powerball ticket from the trash can
NZ ( ရိုးရာလေး)
The post သတင်းတစ်ပုဒ်ကြောင့် ဒေါ်လာ ၁သန်းတန် ထီလက်မှတ် ဆုံးရှုံးရမယ့်ဘေးမှ လွတ်မြောက်ခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment