အောက်တိုဘာလ (၂၁) ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ(၂) သန်းကျော်နှင့် တရုတ်ယွမ်(၁)သန်းခွဲထုတ်ရောင်းပေးထားကြောင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ ၃၅၅၆ ကျပ်ဖြင့် ဒေါ်လာ ၂ ဒသမ ၂၀၃ သန်းနှင့် တစ်ယွမ် ၅၂၂ ကျပ်ဖြင့် တရုတ်ယွမ် ၁ ဒသမ ၅၅၅ သန်း ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။
ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၁) ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ (၃၈၅)သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီဖြစ်သည်။
အလားတူကာလအတွင်းမှာ ထိုင်းဘတ် (၅၆၈) သန်းကျော် နှင့် တရုတ်ယွမ် (၃၂) သန်းခွဲခန့် ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အောက်တိုဘာ (၂၀) ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးကြေညာထားသည်။
လက်ရှိ ပြည်တွင်းမှာ အမေရိကန် ၁ ဒေါ်လာကို ၄၄၃၀ တဝိုက်မှာ ရောက်ရှိနေပြီး ဘတ်စျေး ၁၃၄ ကျပ်နဲ့ ယွမ် ၁ ဒေါ်လာစျေး ၆၃၁ ကျပ်ဖြစ်သည်။
The post ဒေါ်လာ (၃၈၅) သန်းကျော်၊ ဘတ် (၅၆၈) သန်းကျော် ရောင်းချထားတဲ့ဗဟိုဘဏ် appeared first on .
Your new digest 49
Post a Comment