ဆေးလ်ဗားရဲ့ သွင်းဂိုးတွေနဲ့ ငှက်ကျားတွေကို အနိုင်ယူပြီး ဆီမီးတက်တဲ့ စီးတီး

မန်ချက်စတာစီးတီးဟာ စနေနေ့ညက နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ဘာနာဒို ဆေးလ်ဗားရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်စီးတီးဟာ စနေနေ့ညက အစ်တီဟတ်မှာ နယူးကာဆယ်ကို အနိုင်ရခဲ့တာကြောင့် စံချိန်တင် ၆ နှစ်ဆက်တိုက် အက်ဖ်အဖေလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး မတ်လ ၃၁ ရက်နေ့မှာ ကစားရမယ့် ဂန်းနားတွေနဲ့ပွဲစဉ်မတိုင်ခင် အကောင်းဆုံးပုံစံနဲ့ သွေးပူလေ့ကျင့်ခန်းလုပ်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အခုအချိန်မှာ ဆုဖလားတိုင်းကို ရယူနိုင်စွမ်းရှိတဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ပြိုင်ပွဲစုံမှာ ၂၂ ပွဲအထိ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ ခြေစွမ်းဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အစ်တီဟတ်မှာ ပထမဆုံးအနိုင်ရခဲ့တဲ့ ဧည့်သည်အသင်းဖြစ်လာဖို့ ခြေစွမ်းနဲ့ နည်းနည်းလေးတောင်မှ မနီးစပ်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၁၃ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားက ရိုဒရီရဲ့ပေးပို့မှုကနေ ပင်နယ်တီဧရိယာထဲမှာ ကန်သွင်းခဲ့တဲ့ဘောလုံးက ဘန်းနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအတွက် နောက်ထပ် ဦးဆောင်ဂိုးကို ဘာနာဒို ဆေးလ်ဗားကပဲ ၃၁ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းခဲ့တဲ့ ဘောလုံးက ဘော့တ်မန်းရဲ့ ခေါင်းနဲ့ထိပြီး ဒူဗရက်ကာ နေရာယူမှန်မှန်နဲ့ ကာကွယ်နိုင်ခဲ့ရမှာဖြစ်ပေမယ့်လည်း ခြေထောက်ကြားထဲကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
မန္ခ်က္စတာစီးတီးဟာ စေနေန႔ညက နယူးကာဆယ္နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္မွာ ဘာနာဒို ေဆးလ္ဗားရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ရၿပီး ဆီမီးဖိုင္နယ္ကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

မန္စီးတီးဟာ စေနေန႔ညက အစ္တီဟတ္မွာ နယူးကာဆယ္ကို အႏိုင္ရခဲ့တာေၾကာင့္ စံခ်ိန္တင္ ၆ ႏွစ္ဆက္တိုက္ အက္ဖ္အေဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး မတ္လ ၃၁ ရက္ေန႔မွာ ကစားရမယ့္ ဂန္းနားေတြနဲ႔ပြဲစဥ္မတိုင္ခင္ အေကာင္းဆုံးပုံစံနဲ႔ ေသြးပူေလ့က်င့္ခန္းလုပ္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အခုအခ်ိန္မွာ ဆုဖလားတိုင္းကို ရယူႏိုင္စြမ္းရွိတဲ့ ေျခစြမ္းကို ပိုင္ဆိုင္ထားတယ္ဆိုတာကို ျပသခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ၿပိဳင္ပြဲစုံမွာ ၂၂ ပြဲအထိ ရႈံးပြဲမရွိေအာင္ ကစားထားႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

နယူးကာဆယ္ရဲ႕ ေျခစြမ္းဟာ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလေနာက္ပိုင္း အစ္တီဟတ္မွာ ပထမဆုံးအႏိုင္ရခဲ့တဲ့ ဧည့္သည္အသင္းျဖစ္လာဖို႔ ေျခစြမ္းနဲ႔ နည္းနည္းေလးေတာင္မွ မနီးစပ္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၁၃ မိနစ္မွာ ဘာနာဒို ေဆးလ္ဗားက ႐ိုဒရီရဲ႕ေပးပို႔မႈကေန ပင္နယ္တီဧရိယာထဲမွာ ကန္သြင္းခဲ့တဲ့ေဘာလုံးက ဘန္းနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို ဘာနာဒို ေဆးလ္ဗားကပဲ ၃၁ မိနစ္မွာ သြင္းယူေပးခဲ့ၿပီး ပင္နယ္တီဧရိယာထိပ္ကေန ကန္သြင္းခဲ့တဲ့ ေဘာလုံးက ေဘာ့တ္မန္းရဲ႕ ေခါင္းနဲ႔ထိၿပီး ဒူဗရက္ကာ ေနရာယူမွန္မွန္နဲ႔ ကာကြယ္ႏိုင္ခဲ့ရမွာျဖစ္ေပမယ့္လည္း ေျခေထာက္ၾကားထဲကေန ဝင္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဆေးလ်ဗားရဲ့ သွင်းဂိုးတွေနဲ့ ငှက်ကျားတွေကို အနိုင်ယူပြီး ဆီမီးတက်တဲ့ စီးတီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post