ဒီနှစ် ၂၀၂၄ အစတည်းက တဖြည်းဖြည်း တက်လာတဲ့ ပြည်တွင်းရွှေဈေးဟာ အခု ဇန်နဝါရီတတိယပတ်မှာ တစ်ကျပ်သားကို ကျပ် ၃၈ သိန်းနားအထိ
ရောက်ရှိလာတယ်လို့ ဈေးကွက်သတင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ ကျပ် ၃၇ သိန်းပတ်လည်မှာသာ လှုပ်ရှားနေခဲ့တဲ့ ၁၆ ပဲရည် အခေါက်ရွှေဈေးဟာ အခု ဇန်နဝါရီလထဲမှာ ကျပ် ၃၈ သိန်းနားအထိ တရိပ်ရိပ် မြင့်လာပြီး သုံးပတ်အတွင်း ကျပ် ၁ သိန်းနီးပါးထိ မြင့်လာတာ ဖြစ်ပါတယ်။
ရွှေဈေးဟာ အရင်ရက်တွေတည်းက တောက်လျှောက် တက်လာတာ ဖြစ်ပြီး မနေ့ညနေပိုင်းမှာ ၃၇၈၀၀၀၀ – ၃၇၉၀၀၀၀ ဝန်းကျင်နဲ့ ဒီနေ့မှာ ကျပ် ၃၇၉၈၀၀၀ အထိ ရောက်ရှိလာတယ်လို့ ရွှေရောင်းဝယ်နေသူတွေဆီက သိရပါတယ်။ (Current Content သတင်း ဖြစ်ပါတယ်)
ဒီနှစ်အစ ဇန်နဝါရီလဆန်းပိုင်းက ရွှေဈေးဟာ တစ်ကျပ်သားကို ၃၇ သိန်းကျော်ကျော်နဲ့သာ ရောင်းဝယ်ခဲ့ရာက အခု ဇန်နဝါရီတတိယပတ်မှာ ကျပ် ၃၈ သိန်းနားအထိ မြင့်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ရက်နှစ်ဆယ်အတွင်း တစ်ကျပ်သားကို ကိုးသောင်းလောက် ဈေးတက်လာတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်ပဲ။ ဈေးတက်နေတော့ ပြန်ရောင်းကြတဲ့ သူတွေလည်း များတယ်။” လို့ ရန်ကုန်မြို့၊ လသာမြို့နယ်က ရွှေဆိုင်ပိုင်ရှင်တဦးက ယနေ့ခေတ်သတင်းမှာ ပြောဆိုထားပါတယ်။
မြန်မာ့ရွှေဈေး သိသိသာသာ မြင့်လာပေမဲ့ ကမ္ဘာ့ရွှေဈေးနှုန်းကတော့ မနေ့က (သောကြာနေ့) ဈေးပိတ်ချိန်မှာ တစ်အောင်စကို ၂၀၂၉ ဒေါ်လာနဲ့ ပြီးဆုံးခဲ့ပြီး သီတင်းပတ် ၆ ပတ်အတွင်း ဈေးအများဆုံးကျတဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ Ref: Nasdaq, Local Market စာရေးသူ- ငွေကြယ်
The post The domestic gold price rose to around 38,000 per kyats appeared first on Achawlaymyar.
Your new digest 49
Post a Comment