အဆုံးသတ်ညံ့ဖျင်းမှုတွေနဲ့ မျှတခဲ့တဲ့ ဇယားထိပ်က ပူးကြီးနဲ့ အာကြီးတို့ သရေပွဲ

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ကိုနာတေ၊ ဗန်ဒိုက်နဲ့ ဆီမီကတ်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ဆိုဘော့ဆ်လိုင်းနဲ့ ကားတစ်ဂျုံးစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အာဆင်နယ်တို့ကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ထုံးစံအတိုင်း တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ဘယ်ခြမ်းနားမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ အော်ဒီဂွါဒ်က ဧရိယာထဲကို ကန်တင်ပေးရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်နိုင်ခဲ့တဲ့ ဂါဘရီယယ်လ်က သူ့ရဲ့ ဒီရာသီ ပထမဆုံး သွင်းဂိုးအဖြစ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရတာကြောင့် လီဗာပူးလ်တို့က ပွဲကို ဖိကစားဖို့ ကြိုးစားလာခဲ့ပြီး အာဆင်နယ်တို့ကတော့ ကောင်တာဆန်သွားခဲ့သလို နှစ်သင်းစလုံးအနေနဲ့ တိုက်စစ်က Final Ball တွေ ခင်းကျင်းရာမှာ မန်စီးတီးနဲ့ ဂွါဒီယိုလာအဆင့်မျိုး ရှိမနေတာကြောင့် အလေအလွင့်တွေကိုပဲ ပိုမြင်ခဲ့ရပြီး ဧည့်သည်တွေဘက်ကတော့ မာတီနယ်လီနဲ့ ဇင်ချန်ကိုတို့ရဲ့ ဘယ်ခြမ်းက ပွဲကြာလာတာနဲ့အမျှ သိသိသာသာကို ညံ့ဖျင်းလာခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ညာတောင်ပံကို ကန်တင်လိုက်တဲ့ ဘောလုံးကို အာဆင်နယ်ခံစစ်က လူကျွံဘောဖမ်းချိန်မှာ အူကြောင်ကြောင်နဲ့ ပြေးလိုက်ခဲ့တဲ့ ဇင်ချန်ကိုရဲ့ အမှားကနေ ဆာလားက အတွင်းကို ချိုးဝင်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာ အာဆင်နယ်တို့ဘက်က ဆာကာရဲ့ ပါးနပ်မှု မရှိတာကြောင့် ပင်နယ်တီနဲ့ ဝေးခဲ့ရသလို ဒီကနေ ပြန်ထွက်လာတဲ့ ဘောလုံးကိုလည်း စိတ်ဓာတ်ပိုင်းနဲ့ ဆုံးဖြတ်ချက်ပိုင်းမှာ စုတ်ပြတ်နေတဲ့ မာတီနယ်လီက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘေးကန်ပစ်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပြီး ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ၄၅ မိနစ်ကစားပြီးရင် ခြေကုန်သွားတတ်တဲ့ အာဆင်နယ်တို့ ထုံးစံကြောင့် လီဗာပူးလ်တို့က ပွဲကို ပိုထိန်းလာခဲ့ပေမယ့် ဇင်ချန်ကို ရောင်းချသမျှကို ဝယ်ယူနိုင်ခြင်း မရှိသလို ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့ အမှားမရှိတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ဖို့ ခက်နေခဲ့ပြီး မာတီနယ်လီကတော့ သူ့ထက် အကောင်ကြီးတဲ့ ကိုနာတေကို ဦးနှောက်နည်းစွာနဲ့ ဝင်တိုးဖို့ ကြိုးစားခဲ့တာကို အာတီတာအတွက် စိတ်ပျက်ဖွယ် တွေ့မြင်နေခဲ့ရလို့ ထရော့ဆတ်နဲ့ လူစားလဲသွားခဲ့ရတာပါ။

လီဗာပူးလ်တို့ဘက်ကတော့ လူးဝစ် ဒီယက်ဇ်၊ ဂက်ခ်ပိုနဲ့ ကားတစ် ဂျုံးစ်တို့အစား အဲလီးယော့၊ ဒါဝင် နူးညက်ဇ်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို လဲသွားခဲ့ပြီးနောက်မှာတော့ စုတ်ပြတ်နေတဲ့ ဇင်ချန်ကိုနဲ့ အော်ဒီဂွါဒ်တို့ရဲ့ ဘောလုံးလုကန်မှုကနေ ဆာလားက ဆွဲပြေးပြီး ကောင်တာ ကန်ခွင့်ရခဲ့တဲ့ အကောင်းဆုံး အခွင့်အရေးတစ်ကြိမ်ကိုတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဘားထိအောင် ကန်ပစ်ခဲ့တာကြောင့် ကလော့ပ်တစ်ယောက် ပက်လက်လန်ခဲ့ရသလို ဂန်းနားတို့ မငိုခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂျေဆူးစ်အစား နကီးတီးယားကို ထည့်ခဲ့တဲ့ အာဆင်နယ်တို့ ဘာမှ မလုပ်နိုင်ခဲ့သလို လီဗာပူးလ်တို့ကလည်း ဂိုးရှေ့မှာ လွဲချော်နေခဲ့တာကြောင့် နှစ်သင်းစလုံးအနေနဲ့ အဆုံးသတ်ပိုင်းမှာ မန်စီးတီးဆီ သင်တန်းသွားတက်သင့်တယ်လို့ပဲ သုံးသပ်ရတော့မှာဖြစ်ပြီး ပွဲအပြီးမှာတော့ တစ်ဂိုးစီ ချစ်ကြည်ရေးသရေပွဲနဲ့ ဇယားထိပ်မှာ ပိုနေမြဲ ကျားနေမြဲဖြစ်ခဲ့ကြတာပါ။

အန်းဖီးလ်ရဲ့ ၁၁ ပွဲဆက် အနိုင်မှတ်တမ်းကို မန်ယူနဲ့ပွဲမှာ သရေနဲ့ ကျိုးပျက်ခဲ့ပြီးနောက်ပိုင်း လီဗာပူးလ်တို့အနေနဲ့ ဝက်စ်ဟမ်းကို တီးနိုင်ခဲ့ပေမယ့် ဒီနေ့ပွဲကိုတော့ သရေထပ်ကျခဲ့ရတာကြောင့် ပရီးမီးယားလိဂ် ဇယားထိပ်ကို တက်ရောက်နိုင်ခွင့်ကို လက်လွှတ်ခဲ့ရချိန်မှာ အာဆင်နယ်တို့ကတော့ ခက်ခဲတဲ့ အဝေးကွင်းပွဲမှာ သရေတစ်မှတ် ရယူပြီး ခရစ္စမတ် မတိုင်ခင်မှာ အဆင့်တစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ကိုနာေတ၊ ဗန္ဒိုက္နဲ႔ ဆီမီကတ္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အာဆင္နယ္တို႔ကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ထုံးစံအတိုင္း တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ဘယ္ျခမ္းနားမွာ ရရွိခဲ့တဲ့ ဖရီးကစ္ကေန ေအာ္ဒီဂြါဒ္က ဧရိယာထဲကို ကန္တင္ေပးရာမွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ႏိုင္ခဲ့တဲ့ ဂါဘရီယယ္လ္က သူ႔ရဲ႕ ဒီရာသီ ပထမဆုံး သြင္းဂိုးအျဖစ္ ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရတာေၾကာင့္ လီဗာပူးလ္တို႔က ပြဲကို ဖိကစားဖို႔ ႀကိဳးစားလာခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ေကာင္တာဆန္သြားခဲ့သလို ႏွစ္သင္းစလုံးအေနနဲ႔ တိုက္စစ္က Final Ball ေတြ ခင္းက်င္းရာမွာ မန္စီးတီးနဲ႔ ဂြါဒီယိုလာအဆင့္မ်ိဳး ရွိမေနတာေၾကာင့္ အေလအလြင့္ေတြကိုပဲ ပိုျမင္ခဲ့ရၿပီး ဧည့္သည္ေတြဘက္ကေတာ့ မာတီနယ္လီနဲ႔ ဇင္ခ်န္ကိုတို႔ရဲ႕ ဘယ္ျခမ္းက ပြဲၾကာလာတာနဲ႔အမွ် သိသိသာသာကို ညံ့ဖ်င္းလာခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ညာေတာင္ပံကို ကန္တင္လိုက္တဲ့ ေဘာလုံးကို အာဆင္နယ္ခံစစ္က လူကြၽံေဘာဖမ္းခ်ိန္မွာ အူေၾကာင္ေၾကာင္နဲ႔ ေျပးလိုက္ခဲ့တဲ့ ဇင္ခ်န္ကိုရဲ႕ အမွားကေန ဆာလားက အတြင္းကို ခ်ိဳးဝင္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာ အာဆင္နယ္တို႔ဘက္က ဆာကာရဲ႕ ပါးနပ္မႈ မရွိတာေၾကာင့္ ပင္နယ္တီနဲ႔ ေဝးခဲ့ရသလို ဒီကေန ျပန္ထြက္လာတဲ့ ေဘာလုံးကိုလည္း စိတ္ဓာတ္ပိုင္းနဲ႔ ဆုံးျဖတ္ခ်က္ပိုင္းမွာ စုတ္ျပတ္ေနတဲ့ မာတီနယ္လီက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေဘးကန္ပစ္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရၿပီး ပထမပိုင္းမွာေတာ့ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ၄၅ မိနစ္ကစားၿပီးရင္ ေျခကုန္သြားတတ္တဲ့ အာဆင္နယ္တို႔ ထုံးစံေၾကာင့္ လီဗာပူးလ္တို႔က ပြဲကို ပိုထိန္းလာခဲ့ေပမယ့္ ဇင္ခ်န္ကို ေရာင္းခ်သမွ်ကို ဝယ္ယူႏိုင္ျခင္း မရွိသလို ဆာလီဘာနဲ႔ ဂါဘရီယယ္လ္တို႔ အမွားမရွိတဲ့ ခံစစ္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ခက္ေနခဲ့ၿပီး မာတီနယ္လီကေတာ့ သူ႔ထက္ အေကာင္ႀကီးတဲ့ ကိုနာေတကို ဦးေႏွာက္နည္းစြာနဲ႔ ဝင္တိုးဖို႔ ႀကိဳးစားခဲ့တာကို အာတီတာအတြက္ စိတ္ပ်က္ဖြယ္ ေတြ႕ျမင္ေနခဲ့ရလို႔ ထေရာ့ဆတ္နဲ႔ လူစားလဲသြားခဲ့ရတာပါ။

လီဗာပူးလ္တို႔ဘက္ကေတာ့ လူးဝစ္ ဒီယက္ဇ္၊ ဂက္ခ္ပိုနဲ႔ ကားတစ္ ဂ်ဳံးစ္တို႔အစား အဲလီးေယာ့၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ ဂရာဗင္ဘာ့ခ်္တို႔ကို လဲသြားခဲ့ၿပီးေနာက္မွာေတာ့ စုတ္ျပတ္ေနတဲ့ ဇင္ခ်န္ကိုနဲ႔ ေအာ္ဒီဂြါဒ္တို႔ရဲ႕ ေဘာလုံးလုကန္မႈကေန ဆာလားက ဆြဲေျပးၿပီး ေကာင္တာ ကန္ခြင့္ရခဲ့တဲ့ အေကာင္းဆုံး အခြင့္အေရးတစ္ႀကိမ္ကိုေတာ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဘားထိေအာင္ ကန္ပစ္ခဲ့တာေၾကာင့္ ကေလာ့ပ္တစ္ေယာက္ ပက္လက္လန္ခဲ့ရသလို ဂန္းနားတို႔ မငိုခဲ့ရတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေဂ်ဆူးစ္အစား နကီးတီးယားကို ထည့္ခဲ့တဲ့ အာဆင္နယ္တို႔ ဘာမွ မလုပ္ႏိုင္ခဲ့သလို လီဗာပူးလ္တို႔ကလည္း ဂိုးေရွ႕မွာ လြဲေခ်ာ္ေနခဲ့တာေၾကာင့္ ႏွစ္သင္းစလုံးအေနနဲ႔ အဆုံးသတ္ပိုင္းမွာ မန္စီးတီးဆီ သင္တန္းသြားတက္သင့္တယ္လို႔ပဲ သုံးသပ္ရေတာ့မွာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ တစ္ဂိုးစီ ခ်စ္ၾကည္ေရးသေရပြဲနဲ႔ ဇယားထိပ္မွာ ပိုေနၿမဲ က်ားေနၿမဲျဖစ္ခဲ့ၾကတာပါ။

အန္းဖီးလ္ရဲ႕ ၁၁ ပြဲဆက္ အႏိုင္မွတ္တမ္းကို မန္ယူနဲ႔ပြဲမွာ သေရနဲ႔ က်ိဳးပ်က္ခဲ့ၿပီးေနာက္ပိုင္း လီဗာပူးလ္တို႔အေနနဲ႔ ဝက္စ္ဟမ္းကို တီးႏိုင္ခဲ့ေပမယ့္ ဒီေန႔ပြဲကိုေတာ့ သေရထပ္က်ခဲ့ရတာေၾကာင့္ ပရီးမီးယားလိဂ္ ဇယားထိပ္ကို တက္ေရာက္ႏိုင္ခြင့္ကို လက္လႊတ္ခဲ့ရခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ ခက္ခဲတဲ့ အေဝးကြင္းပြဲမွာ သေရတစ္မွတ္ ရယူၿပီး ခရစၥမတ္ မတိုင္ခင္မွာ အဆင့္တစ္ကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post အဆုံးသတ်ညံ့ဖျင်းမှုတွေနဲ့ မျှတခဲ့တဲ့ ဇယားထိပ်က ပူးကြီးနဲ့ အာကြီးတို့ သရေပွဲ first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post