အကြွေးဆပ်တဲ့ VAR နဲ့ ဆာလားကြောင့် အဲဗာတန်ကို အနိုင်ရခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဆီမီကတ်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာ၊ ဂရာဗင်ဘာ့ချ်နဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာလား၊ ဂျိုတာနဲ့ လူးဝစ် ဒီယက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဘရန့်သ်ဝိတ်၊ အက်ရှ်လီယန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အိုနာနာ၊ ဂါနာ၊ ဒူကူရေး၊ ဟာရစ်ဆန်နဲ့ မက်နီးလ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကယ်လ်ဗတ်-လူဝင်ကို အထောင်ထားလာခဲ့တာပါ။

မာဆေးဆိုက်ဒါဘီမှာ ရှောင်ဒိုက်ချ်ရဲ့ အဲဗာတန်တို့ အမြင့်ဘောတွေနဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့သလို ကလော့ပ်ရဲ့ လီဗာပူးလ်တို့ကတော့ တစ်ဖက်ဧရိယာထဲကို ခပ်သွက်သွက် တိုးဝင်ထိုးဖောက်ဖို့ လုပ်ဆောင်နေခဲ့ပြီး ဧည့်သည်တွေအနေနဲ့ အိမ်ရှင်တွေရဲ့ ဖြတ်တင်ဘောတွေကို ကာကွယ်ရာမှာ အနည်းငယ် လိုအပ်ချက်တွေ များနေခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တို့ ကောင်တာကနေ အခွင့်အရေးတွေ ရခဲ့ပေမယ့် လူးဝစ် ဒီယက်ဇ်နဲ့ ဆာလားတို့ ဖြုန်းတီးနေခဲ့ကြသလို ပွဲချိန် ၃၇ မိနစ်မှာ အဲဗာတန်ရဲ့ အဘိုးကြီး အက်ရှ်လီယန်း နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကိုလည်း အခွင့်အရေး မယူနိုင်ခဲ့ကြဘဲဖြစ်နေခဲ့ပြီး ပထမပိုင်းကတော့ ဖြုန်းတီးမှု များစွာနဲ့ပဲ သရေကျနေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာ ၁၀ ယောက်ကျန် အဲဗာတန်တို့အနေနဲ့ ဟာရစ်ဆန်နဲ့ မက်နီးလ်တို့ကို ထုတ်ပြီး ပက်တာဆန်နဲ့ မိုက်ကယ် ကီးန်တို့ကို ထည့်ပြီး ခံစစ်မှာ ၅ ယောက်အထိ ထားကစားခဲ့သလို အိမ်ရှင်တွေက ဖိတိုက်ပေမယ့် အလုပ်မဖြစ်တဲ့အတွက် ဂရာဗင်ဘာ့ချ်နဲ့ ဆီမီကတ်စ်တို့အစား အဲလီးယော့နဲ့ ဒါဝင် နူးညက်ဇ်တို့ကို ထည့်ပြီး လီဗာပူးလ်တို့ တင်ကစားလာခဲ့ကြပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဒီအဆင်နဲ့ ဒီအဆင် တစ်နည်းနည်းနဲ့ ဒုက္ခရောက်တော့မှာပဲဆိုတာကို အေမီဈာန်လို ကြိုသိနေတဲ့ အဲဗာတန်တို့ဘက်က မိုက်ကယ် ကီးန်အနေနဲ့ ဧရိယာထဲမှာ လူးဝစ် ဒီယက်ဇ်ရဲ့ ဖြတ်တင်ဘောကို လက်နဲ့ ပုတ်မိတာကြောင့် ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ လီဗာပူးလ်အတွက် ဂိုးအဖြစ် ဆာလားက ရေဘူးမှာ မှတ်စုကပ်ထားပြီး ကာကွယ်ဖို့ ကြိုးစားတဲ့ ပစ်ခ်ဖို့ဒ်ကို လှည့်စားပြီး မလှုပ်နိုင်အောင် ကန်သွင်းပြခဲ့တာပါ။

ဒီနောက်မှာတော့ လီဗာပူးလ်တို့ဘက်က ကိုနာတေနဲ့ လူးဝစ် ဒီယက်ဇ်တို့အစား မာတစ်ပ်နဲ့ ဂျိုးဂိုမက်ဇ်တို့ကို ထည့်ပြီး ခံစစ်ကို အာရုံစိုက်ခဲ့သလို အဲဗာတန်တို့ကတော့ ကောင်တာနဲ့ အမှတ်ခွဲယူဖို့ ကြိုးစားခဲ့ပေမယ့် လောက်လောက်လားလား ကစားသမားမျိုး မရှိတာကြောင့် မိနစ် ၉၀ အထိ တစ်ဂိုး-ဂိုးမရှိပဲဖြစ်နေခဲ့ပါတယ်။

နာကျင်အချိန်ပို ၉ မိနစ်အထိ ပေးခဲ့ရာမှာတော့ ပွဲပြီးဖို့ ၂ မိနစ်အလိုမှာ လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရသွားခဲ့ပြီး ဒီဂိုးကိုလည်း ကိုယ့်အခြေအနေ ကိုယ်နားမလည်ဘဲ ဖိတိုက်ပြီး ဖင်ဟောင်းလောင်းဖြစ်နေတဲ့ အဲဗာတန်ခံစစ်ကို ကောင်တာကနေ ဒါဝင် နူးညက်ဇ်က 2 Vs 1 အနေအထား ဆွဲယူပြေးပြီး ဂိုးရှေ့ကျမှ အပိုင်ခင်းပေးရာမှာ ဆာလားက ညာဘက်ထောင့်ထဲကို သူ့ရဲ့ ဒုတိယဂိုးအဖြစ် ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က အဲဗာတန်တို့ကို မာဆေးဆိုက်ဒါဘီမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပြီး ဇယားထိပ်ပိုင်းကို ပြန်လည်တက်ရောက်လာခဲ့ကြသလို ပရီးမီးယားလိဂ်မှာ တန်းမဆင်းရရုံနဲ့ ကျေနပ်နေခဲ့တဲ့ အဲဗာတန်တို့ကတော့ အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ ကိုနာေတ၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဆီမီကတ္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာ၊ ဂရာဗင္ဘာ့ခ်္နဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာလား၊ ဂ်ိဳတာနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ဘရန႔္သ္ဝိတ္၊ အက္ရွ္လီယန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အိုနာနာ၊ ဂါနာ၊ ဒူကူေရး၊ ဟာရစ္ဆန္နဲ႔ မက္နီးလ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကယ္လ္ဗတ္-လူဝင္ကို အေထာင္ထားလာခဲ့တာပါ။

မာေဆးဆိုက္ဒါဘီမွာ ေရွာင္ဒိုက္ခ်္ရဲ႕ အဲဗာတန္တို႔ အျမင့္ေဘာေတြနဲ႔ ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့သလို ကေလာ့ပ္ရဲ႕ လီဗာပူးလ္တို႔ကေတာ့ တစ္ဖက္ဧရိယာထဲကို ခပ္သြက္သြက္ တိုးဝင္ထိုးေဖာက္ဖို႔ လုပ္ေဆာင္ေနခဲ့ၿပီး ဧည့္သည္ေတြအေနနဲ႔ အိမ္ရွင္ေတြရဲ႕ ျဖတ္တင္ေဘာေတြကို ကာကြယ္ရာမွာ အနည္းငယ္ လိုအပ္ခ်က္ေတြ မ်ားေနခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တို႔ ေကာင္တာကေန အခြင့္အေရးေတြ ရခဲ့ေပမယ့္ လူးဝစ္ ဒီယက္ဇ္နဲ႔ ဆာလားတို႔ ျဖဳန္းတီးေနခဲ့ၾကသလို ပြဲခ်ိန္ ၃၇ မိနစ္မွာ အဲဗာတန္ရဲ႕ အဘိုးႀကီး အက္ရွ္လီယန္း ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာကိုလည္း အခြင့္အေရး မယူႏိုင္ခဲ့ၾကဘဲျဖစ္ေနခဲ့ၿပီး ပထမပိုင္းကေတာ့ ျဖဳန္းတီးမႈ မ်ားစြာနဲ႔ပဲ သေရက်ေနခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာ ၁၀ ေယာက္က်န္ အဲဗာတန္တို႔အေနနဲ႔ ဟာရစ္ဆန္နဲ႔ မက္နီးလ္တို႔ကို ထုတ္ၿပီး ပက္တာဆန္နဲ႔ မိုက္ကယ္ ကီးန္တို႔ကို ထည့္ၿပီး ခံစစ္မွာ ၅ ေယာက္အထိ ထားကစားခဲ့သလို အိမ္ရွင္ေတြက ဖိတိုက္ေပမယ့္ အလုပ္မျဖစ္တဲ့အတြက္ ဂရာဗင္ဘာ့ခ်္နဲ႔ ဆီမီကတ္စ္တို႔အစား အဲလီးေယာ့နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို ထည့္ၿပီး လီဗာပူးလ္တို႔ တင္ကစားလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဒီအဆင္နဲ႔ ဒီအဆင္ တစ္နည္းနည္းနဲ႔ ဒုကၡေရာက္ေတာ့မွာပဲဆိုတာကို ေအမီဈာန္လို ႀကိဳသိေနတဲ့ အဲဗာတန္တို႔ဘက္က မိုက္ကယ္ ကီးန္အေနနဲ႔ ဧရိယာထဲမွာ လူးဝစ္ ဒီယက္ဇ္ရဲ႕ ျဖတ္တင္ေဘာကို လက္နဲ႔ ပုတ္မိတာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ လီဗာပူးလ္အတြက္ ဂိုးအျဖစ္ ဆာလားက ေရဘူးမွာ မွတ္စုကပ္ထားၿပီး ကာကြယ္ဖို႔ ႀကိဳးစားတဲ့ ပစ္ခ္ဖို႔ဒ္ကို လွည့္စားၿပီး မလႈပ္ႏိုင္ေအာင္ ကန္သြင္းျပခဲ့တာပါ။

ဒီေနာက္မွာေတာ့ လီဗာပူးလ္တို႔ဘက္က ကိုနာေတနဲ႔ လူးဝစ္ ဒီယက္ဇ္တို႔အစား မာတစ္ပ္နဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ကို ထည့္ၿပီး ခံစစ္ကို အာ႐ုံစိုက္ခဲ့သလို အဲဗာတန္တို႔ကေတာ့ ေကာင္တာနဲ႔ အမွတ္ခြဲယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေလာက္ေလာက္လားလား ကစားသမားမ်ိဳး မရွိတာေၾကာင့္ မိနစ္ ၉၀ အထိ တစ္ဂိုး-ဂိုးမရွိပဲျဖစ္ေနခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၉ မိနစ္အထိ ေပးခဲ့ရာမွာေတာ့ ပြဲၿပီးဖို႔ ၂ မိနစ္အလိုမွာ လီဗာပူးလ္တို႔ ဒုတိယဂိုး ထပ္ရသြားခဲ့ၿပီး ဒီဂိုးကိုလည္း ကိုယ့္အေျခအေန ကိုယ္နားမလည္ဘဲ ဖိတိုက္ၿပီး ဖင္ေဟာင္းေလာင္းျဖစ္ေနတဲ့ အဲဗာတန္ခံစစ္ကို ေကာင္တာကေန ဒါဝင္ ႏူးညက္ဇ္က 2 Vs 1 အေနအထား ဆြဲယူေျပးၿပီး ဂိုးေရွ႕က်မွ အပိုင္ခင္းေပးရာမွာ ဆာလားက ညာဘက္ေထာင့္ထဲကို သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က အဲဗာတန္တို႔ကို မာေဆးဆိုက္ဒါဘီမွာ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားခဲ့ၿပီး ဇယားထိပ္ပိုင္းကို ျပန္လည္တက္ေရာက္လာခဲ့ၾကသလို ပရီးမီးယားလိဂ္မွာ တန္းမဆင္းရ႐ုံနဲ႔ ေက်နပ္ေနခဲ့တဲ့ အဲဗာတန္တို႔ကေတာ့ အဆင့္ ၁၆ ေနရာမွာ ဆက္လက္ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post အကြွေးဆပ်တဲ့ VAR နဲ့ ဆာလားကြောင့် အဲဗာတန်ကို အနိုင်ရခဲ့တဲ့ လီဗာပူးလ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post