သေဆုံးခဲ့ရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဇနီးဖြစ်သူက လှူဒါန်းသွားမယ်ဆိုတဲ့ မင်းသားကြီး ချောင်ယွန်ဖက်နဲ့ သူ့ရဲ့သေဆုံးမှုကောလဟာလ

ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက်ဟာ မကြာသေးခင်က သူ့ဇနီးဖြစ်သူ ဂျက်စမင် တန်နဲ့အတူ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့ပါတယ်။ သူဟာ Asian Filmmaker of the Year အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

အဲဒီရုပ်ရှင်ပွဲတော်ရဲ့သတင်းစာရှင်းလင်းပွဲအတွင်း ချောင်ယွန်ဖက်က သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လှူဒါန်းမယ်ဆိုတဲ့အကြောင်းနဲ့ သေဆုံးမှုကောလဟာလတွေအကြောင်း လိမ္မာပါးနပ်စွာနဲ့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ သူ သေဆုံးခဲ့ရင် သူ့ရဲ့ကြွယ်ဝချမ်းသာမှု ကန်ဒေါ်လာ သန်း ၆၀၀ ကျော်ကို လှူဒါန်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် အခုလို ပြောပါတယ်။ ဒါက သူ့ဆုံးဖြတ်မဟုတ်ပေမဲ့ သူ့ဇနီးရဲ့ဆုံးဖြတ်ချက်ပါတဲ့။ “ကျွန်တော် မလှူဒါန်းချင်ခဲ့ပါဘူး။ ဒီငွေတွေကို ခက်ခက်ခဲခဲနဲ့ ရှာထားရတာပါ။ ဒါပေမဲ့ ပြဿနာမရှိပါဘူး။ ကျွန်တော် ဘာမှမရှိဘဲ ဒီလောကထဲကို လာခဲ့တယ်။ ကျွန်တော် သေဆုံးတဲ့အခါ ကျွန်တော်နဲ့အတူ ဘယ်အရာကိုမှ ယူဆောင်သွားနိုင်မှာမှမဟုတ်တာ”လို့ သူက ဆိုပါတယ်။ အခြားသူတွေ ပိုက်ဆံပိုလိုရင် သူတို့လည်း ရနိုင်ပါတယ်လို့လည်း ပြောပါတယ်။

သူ သေဆုံးသွားတယ်ဆိုတဲ့ ကောလဟလနဲ့ပတ်သက်ပြီးတော့ သူက ဒီကောလဟာလတွေကို အလေးအနက်မထားဖို့ ပြောကြားခဲ့ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ကျ ဟောင်ကောင်မှာ Half Marathon ပြိုင်ပွဲ ဝင်ပြိုင်မှာဖြစ်ပြီး ဒါက သူ့ရဲ့ပထမဆုံးမာရသွန်ပြိုင်တာဖြစ်ပါလိမ့်မယ်။ “မာရသွန်က ကျွန်တော့်ကို သတ်မလား ကြည့်ပါ။ မာရသွန်အတွင်း ကျွန်တော်သေသွားရင် သေဆုံးတယ်ဆိုတဲ့ကောလဟာလရှိတော့မှာမဟုတ်ပါဘူး”လို့ ရယ်မောကာ ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်အဖြစ်ကနေ မာရသွန်အပြေးသမားအဖြစ် အသက်မွေးဝမ်းကြောင်းပြောင်းလဲထားတယ်လို့လည်း သူက ဆိုပါတယ်။ အားကစားအဖြစ် သူ ပြေးဖြစ်နေတာက ၇ နှစ်ကြာပါပြီ။

Ref: Hong Kong star Chow Yun-fat, 68, on death rumours & letting wife donate his ‘hard-earned money’ after death

WL (ရိုးရာလေး)

The post သေဆုံးခဲ့ရင် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ဇနီးဖြစ်သူက လှူဒါန်းသွားမယ်ဆိုတဲ့ မင်းသားကြီး ချောင်ယွန်ဖက်နဲ့ သူ့ရဲ့သေဆုံးမှုကောလဟာလ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post