ချစ်ဇနီးလေးကို (၁၇)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်စကားလေးတွေသီကုံးပြောကြားခဲ့တဲ့ မင်းသားညိုလင်းထက်
ပရိသတ်ကြီးရေ… သရုပ်ဆောင် ညိုလင်းထက်ကတော့ တချိန်က မိန်းကလေးပရိသတ် တွေကြားထဲမှာ ရေပန်းစားခဲ့တဲ့ ညိုချောမင်းသားလေး တစ်ယောက်ဖြစ်ပါတယ်။ ညိုလင်းထက်ဟာ အနုပညာ နယ်ပယ်ထဲမှာပဲ ကျင်လည်နေစဉ် သရုပ်ဆောင် သူရီ လင်းသစ်နဲ့ ဆုံတွေ့ပြီး ဖူးစာဆုံလက်ထပ်ခဲ့ကြတာပဲဖြစ် ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၈) ရက်နေ့ ကတော့ ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၇) နှစ်ပြည့်တဲ့နေ့လို့ သိရပါပြီး ညို လင်းထက်က သူ့အပေါ်(၁၇) နှစ်လုံးလုံး လက်တွဲမ ဖြုတ်ပေးတဲ့ ချစ်ဇနီးကို ကျေးဇူးတင်စကားပြောလာပါ တယ်။
ညိုလင်းထက်က “ချစ်သော “လင်းရေ လွန်ခဲ့သော ၁ရနှစ်က နေ ၈.၁၀.၂၀၀၆ = ၈.၁၀.၂၀၂၃ ထိ မင်္ဂလာဆောင်ခဲ့သောနေ့လေးကို ဖြတ်သန်းလာကြရင်း ဘဝကိုတူတူရုန်းကန်ခဲ့ကြတာပေါ့နော်။၂၅.၅၂၀၀၆မှာ နှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့ကြပြီး မှမင်္ဂလာဆောင် ဖို့ စုဆောင်းကြိုးစားခဲ့ကြတာတွေ ပြန်သတိရမိတယ် လင်း” ကို ဆိုးသမျှကို ခွင့်လွှတ်ပေး ကို့ရဲ့လက်ကို ဘယ်တော့မှ မဖြုတ်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ……” ဆိုပြီး သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာရေးသားလာပါတယ်။
ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ကတော့အိမ်ထောင်သက်တမ်း (၁၇) နှစ်တိုင်တိုင် တစ်ယောက် လိုအပ်တာကိုတစ်ယောက်ဖြည့်ဆည်းပေးရင်း သား သားနဲ့မီးမီးအပေါ်မှာလည်း မိဘကောင်းတွေအဖြစ် တာဝန်ကျေခဲ့တာဖြစ်ပါတယ်။ ညိုလင်းထက်နဲ့ သူရီ လင်းသစ်တို့ မိသားစုလေး နောက်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်နော်။
Credit;
ခ်စ္ဇနီးေလးကို (၁၇)ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႔မွာ ခ်စ္စကားေလးေတြသီကုံးေျပာၾကားခဲ့တဲ့ မင္းသားညိဳလင္းထက္
ပရိသတ္ႀကီးေရ… သ႐ုပ္ေဆာင္ ညိဳလင္းထက္ကေတာ့ တခ်ိန္က မိန္းကေလးပရိသတ္ ေတြၾကားထဲမွာ ေရပန္းစားခဲ့တဲ့ ညိဳေခ်ာမင္းသားေလး တစ္ေယာက္ျဖစ္ပါတယ္။ ညိဳလင္းထက္ဟာ အႏုပညာ နယ္ပယ္ထဲမွာပဲ က်င္လည္ေနစဥ္ သ႐ုပ္ေဆာင္ သူရီ လင္းသစ္နဲ႔ ဆုံေတြ႕ၿပီး ဖူးစာဆုံလက္ထပ္ခဲ့ၾကတာပဲျဖစ္ ပါတယ္။ ဒီကေန႔ ေအာက္တိုဘာလ (၈) ရက္ေန႔ ကေတာ့ ညိဳလင္းထက္နဲ႔ သူရီလင္းသစ္တို႔ ဇနီးေမာင္ႏွံရဲ့ မဂၤလာသက္တမ္း (၁၇) ႏွစ္ျပည့္တဲ့ေန႔လို႔ သိရပါၿပီး ညိဳ လင္းထက္က သူ႔အေပၚ(၁၇) ႏွစ္လုံးလုံး လက္တြဲမ ျဖဳတ္ေပးတဲ့ ခ်စ္ဇနီးကို ေက်းဇူးတင္စကားေျပာလာပါ တယ္။
ညိဳလင္းထက္က “ခ်စ္ေသာ “လင္းေရ လြန္ခဲ့ေသာ ၁ရႏွစ္က ေန ၈.၁၀.၂၀၀၆ = ၈.၁၀.၂၀၂၃ ထိ မဂၤလာေဆာင္ခဲ့ေသာေန႔ေလးကို ျဖတ္သန္းလာၾကရင္း ဘဝကိုတူတူ႐ုန္းကန္ခဲ့ၾကတာေပါ့ေနာ္။၂၅.၅၂၀၀၆မွာ ႏွစ္ဦးသေဘာတူလက္မွတ္ထိုးခဲ့ၾကၿပီး မွမဂၤလာေဆာင္ ဖို႔ စုေဆာင္းႀကိဳးစားခဲ့ၾကတာေတြ ျပန္သတိရမိတယ္ လင္း” ကို ဆိုးသမၽွကို ခြင့္လႊတ္ေပး ကို႔ရဲ့လက္ကို ဘယ္ေတာ့မွ မျဖဳတ္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ ……” ဆိုၿပီး သူရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာမွာေရးသားလာပါတယ္။
ညိဳလင္းထက္နဲ႔ သူရီလင္းသစ္တို႔ကေတာ့အိမ္ေထာင္သက္တမ္း (၁၇) ႏွစ္တိုင္တိုင္ တစ္ေယာက္ လိုအပ္တာကိုတစ္ေယာက္ျဖည့္ဆည္းေပးရင္း သား သားနဲ႔မီးမီးအေပၚမွာလည္း မိဘေကာင္းေတြအျဖစ္ တာဝန္ေက်ခဲ့တာျဖစ္ပါတယ္။ ညိဳလင္းထက္နဲ႔ သူရီ လင္းသစ္တို႔ မိသားစုေလး ေနာက္ႏွစ္ေပါင္းမ်ားစြာတိုင္ အခုလိုပဲ ေပ်ာ္ရႊင္ခ်မ္းေျမ့ၾကပါေစလို႔ ဆုေတာင္း ေပးလိုက္ပါတယ္ေနာ္။
Credit;
The post ချစ်ဇနီးလေးကို (၁၇)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မှာ ချစ်စကားလေးတွေသီကုံးပြောကြားခဲ့တဲ့ မင်းသားညိုလင်းထက် appeared first on Realsamachars News.
Your new digest 50
Post a Comment