သူမကိုချစ်တဲ့ ဝန်ထမ်းတွေဆီက သီတင်းကျွတ်ဂါရဝပြုလက်ဆောင်တွေရရှိခဲ့လို့ ပီတိတွေဖြစ်နေတဲ့ ပိုးကြာဖြူခင်
ပရိသတ်ကြီးရေ… မင်းသမီးချော လေး ပိုးကြာဖြူခင်ကတော့ “မိုးကောင်းကင်အိပ်မက်”၊ “မာယာလှည့်ကွက်” ဥယျာဉ်မှူးဖြစ်ဖူး ချင်သည် ကြယ်ကလေးရဲ့ကောင်းကင်”၊ “ကွက်လပ်မ ရှိ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်အားပေးမှုရရှိထား တဲ့ ပိုးကြာဖြူခင်ဟာ အခုဆိုရင် ကိုယ်ဝန်လွယ်ဆောင် ထားရပြီဖြစ်ပြီး သူမရဲ့ခင်ပွန်းနဲ့ စီးပွားရေးအလုပ်တွေ ကိုလည်း လုပ်ကိုင်ပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
မန္တလေးမြို့မှာ စိန်ဆိုင်ကြီးဖွင့်လှစ်ထားပြီး အောင်မြင် အခြေကျနေပြီဖြစ်တဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ပိုးကြာဖြူခင်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ဝန်ထမ်းတွေ ဆီကနေ သီတင်းကျွတ်ဂါရဝ လက်ဆောင်တွေရရှိခဲ့တယ်လို့ဆိုပါတယ်။ပိုးကြာဖြူခင်က သူမကိုချစ်တဲ့ဝန်ထမ်းတွေဆီကပစ္စည်းတွေနဲ့ ဂါရဝပြု ကန်တော့ခံခဲ့ရကြောင်း “သီတင်းကျွတ်ကန်တော့ကြတဲ့ ဝန်ထမ်းလေးတွေ ကျန်းမာပြည့်စုံကြပါစေ ” ဆိုပြီး သူမ ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ပိုးကြာဖြူခင်ကတော့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာ တဲ့အချိန်မှာ ဝန်ထမ်းတွေအားကိုးအားထားပြီး ဂါရဝပြု ကန်တော့ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်တစ် ယောက်အလုပ်အကိုင်တွေတိုးတက်အောင်မြင်ပြီး ဝန်ထမ်းပေါင်းများစွာကိုအုပ်ချုပ်နိုင်တဲ့ လုပ်ငန်းရှင်ကြီးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit;
Credit;
The post သူမကိုချစ်တဲ့ ဝန်ထမ်းတွေဆီက သီတင်းကျွတ်ဂါရဝပြုလက်ဆောင်တွေရရှိခဲ့လို့ ပီတိတွေဖြစ်နေတဲ့ ပိုးကြာဖြူခင် appeared first on Realsamachars News.
Your new digest 50
Post a Comment