လင်မယားနှစ်ယောက်ခရီးကပြန်လာလာချင်း သမီးဖြစ်သူရဲ့ စပရိုက်အကြီးကြီးတိုက်ခြင်းကိုခံခဲ့ရကြောင်း ဗီဒီယိုနဲ့တကွပြသလာတဲ့ ညီနန္ဒ
ပရိသတ်ကြီးရေ.. သရုပ်ဆောင် ညီနန္ဒ ကတော့ တခေတ်တခါက မိန်းကလေး ပရိသတ်တွေ ကြားမှာ နာမည်ကြီးရေပန်းစားခဲ့သူဖြစ်ပြီး လက်ရှိ အချိန်ထိလည်း အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိနေဆဲဖြစ်ပါတယ်။ ညီနန္ဒဟာ သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာ ကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။
ညီနန္ဒဟာ သူရဲ့အလုပ်အရ မြို့တွေနယ်တွေမှာ အလုပ် တွေသွားလုပ်ရပြီး သူရဲ့ချစ်ဇနီးကလည်း နံဘေးကနေ ပါရမီဖြည့်ပေးဖို့ လိုက်ပါရလေ့ရှိပါတယ်။ ဒီတစ်ခါမှာ တော့ ညီနန္ဒက သူတို့ဇနီးမောင်နှံအိမ်ပြန်ရောက်တာနဲ့ မေမေ့အတွက် မွေးနေ့ Surprise စီစဉ်ပေးထားတဲ့ သမီး ငယ်လေးရဲ့ ဗီဒီယိုကို “ခရီးအပြန်ကိုစောင့်ပြီး အမေ့ မွေးနေ့ surprise အတွက်သေချာပြင်ဆင်ထားတဲ့ ကျွန် တော့သမီးလိမ္မာလေး… မုန့်ဖိုးတွေဘယ်တော့မှမသုံးပဲ အမြဲစုထားတဲ့သမီးလေး.. ” ဆိုပြီး သမီးလေးရဲ့ သိတတ်လိမ္မာမှုကို ဗီဒီယိုလေးနဲ့တကွ ပြသလာပါတယ်။
ညီနန္ဒကတော့ ခရီးဝေးသွားပြီး အလုပ်သွားလုပ်တဲ့ အဖေနဲ့အမေပြန်ရောက်တာနဲ့ အမောပြေအောင် လိမ္မာ သိတတ်ပြတဲ့ သမီးလေးကြောင့် စိတ်ချမ်းသာပျော်ရွှင် နေရတာပဲဖြစ်ပါတယ်။ပရိသတ် ကြီးလည်း ညီနန္ဒတို့ မိသားစုလေးကိုကြည့်ပြီး ကြည်နူး ပျော်ရွှင်မှုတွေ ကူးစက်သွားမယ်ထင်ပါတယ်နော်။
Credit;
Credit;
The post လင်မယားနှစ်ယောက်ခရီးကပြန်လာလာချင်း သမီးဖြစ်သူရဲ့ စပရိုက်အကြီးကြီးတိုက်ခြင်းကိုခံခဲ့ရကြောင်း ဗီဒီယိုနဲ့တကွပြသလာတဲ့ ညီနန္ဒ appeared first on Realsamachars News.
Your new digest 50
Post a Comment