နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ Alligator Reef မီးပြတိုက်၊ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလင်းထိန်ခဲ့ပြီ

GPS၊ ရေဒါစနစ်နဲ့ အခြားနည်းပညာတွေ အသုံးမပြုခင် Florida Keys သန္တာကျောက်တန်းတွေတစ်လျှောက် သင်္ဘောတွေကို လမ်းပြပေးခဲ့တဲ့ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ မီးပြတိုက် Alligator Reef မီးပြတိုက်ဟာ ဆယ်စုနှစ်တစ်ခုအကြာမှာ ပြန်ပြီး မီးလင်းထိန်နိုင်ခဲ့ပါပြီ။ ဒီသမိုင်းဝင်မီးပြတိုက်တွေကို ကယ်တင်နေတဲ့ အဖွဲ့တစ်ဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုကြောင့် အခုလို ပြန်ပြီးမီးလင်းထိန်ခဲ့ရတာပါ။

Islamorada Community Group ဟာ ၁၈၂၂ ခုနှစ်မှာ သန္တာကျောက်တန်းပေါ် သောင်တင်ခဲ့တဲ့ ရေတပ်သင်္ဘော USS Alligator ကို အစွဲပြုပြီးအမည်ပေးထားတဲ့ Alligator Reef မီးပြတိုက်ကို ပြန်လည်ပြင်ဆင်ဖို့ ဒေါ်လာ ၆ သန်းအကုန်အကျခံနေပါတယ်။ စနေနေ့က Alligator Reef မီးပြတိုက်က နေရောင်ခြည်စွမ်းအင်သုံးမီးလုံးအသစ်တွေနဲ့ လင်းထိန်ခဲ့ရပါတယ်။ Alligator မီးပြတိုက်က ၁၈၇၃ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်လောကအထိ မီးလင်းထိန်ခဲ့ပေမဲ့ အဲဒီနောက် ၁၀ ကြာအထိ မှောင်မိုက်နေခဲ့တယ်လို့ သိရပါတယ်။

Alligator Reef မီးပြတိုက်နဲ့ပတ်သက်ပြီး အင်ဂျင်နီယာပိုင်းဆိုင်ရာလေ့လာချက်တွေ အသေးစိတ်လုပ်ခဲ့ရပါတယ်။ အဲဒီနောက်မှာ မီးပြတိုက်ကို ပြန်လည်ပြုပြင်ဖို့ အချိန် ၆ နှစ် ကြာပြီးဒေါ်လာ ၅ သန်းကနေ ၆ သန်းအထိ ကုန်ကျမယ်ဆိုတာကို သိခဲ့ရပါတယ်။ “Save Alligator Lighthouse” ပရောဂျက်က မပြီးသေးတဲ့အတွက် ရန်ပုံငွေရှာနေရပါတယ်။

Ref: 150-year-old Florida Keys lighthouse illuminated for first time in a decade

WL (ရိုးရာလေး)

The post နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ Alligator Reef မီးပြတိုက်၊ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် မီးလင်းထိန်ခဲ့ပြီ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post