အာဆင်နယ်ဖလားမရအောင် ဆေးထိုးပြီးမှ VAR က လူသားပါလို့ ဆိုလာတဲ့ ဟောင်းဝက် ဝက်ဘ်
ဟောင်းဝက် ဝက်ဘ်က VAR ဟာ လူသားဖြစ်ပြီး အမှားပြုလုပ်မိခဲ့တဲ့အခါမှာ အသင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဒိုင်လူကြီးချုပ်ဟာ ဖေဖော်ဝါရီလတုန်းက အာဆင်နယ်နဲ့ ဘရိုက်တန်တို့ ပွဲစဉ် ၂ ပွဲစလုံးမှာ VAR ရဲ့ ကြီးမားတဲ့အမှားတွေကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း သက်ဆိုင်ရာအသင်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဟောင်းဝက် ဝက်ဘ်က Sky Sports ရဲ့ Monday Night Football အစီအစဉ်မှာ VAR ရဲ့ လုပ်ငန်းစဉ်အကြောင်း ဖွင့်ဟခဲ့ပြီး တိုးတက်ပြောင်းလဲနေတဲ့ လုပ်ငန်းစဉ် ဖြစ်ပြီး တာဝန်ခံမှုအချို့ကို လူသိရှင်ကြားထုတ်ပြန်ဖို့ လိုအပ်နေပြီဆိုတာကို သိရှိနေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ကလပ်အသင်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ အများကြီး လုပ်ဆောင်သွားဖို့ ကတိကဝတ်ပြုခဲ့ပါတယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ပြီး အချို့ဖြစ်စဉ်တွေကို များသောအားဖြင့် သီးသန့် အနည်းငယ်ကိုတော့ လူသိရှင်ကြား ဝန်ခံခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဲဒီအမှားတွေကို အခါအားလျော်စွာ လူသိရှင်ကြာ အသိပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဒိုင်လူကြီးတွေက ဘယ်လောက်အထိ ကောင်းမွန်လဲဆိုတာကို လူတွေ နားလည်စေချင်ပြီး လုပ်ငန်းစဉ်နဲ့ ကျိုးကြောင်းဆီလျော်မှုကို မြင်စေချင်တယ်။”
ဂယ်ရီ နဗီးက ဘယ်လို အငြင်းပွားဖွယ် VAR ရဲ့ ဆုံးဖြတ်ချက်မျိုးမဆို ပွဲအပြီးမှာ ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာနိုင်လားလို့ မေးမြန်းခဲ့ရာမှာ ဟောင်းဝက် ဝက်ဘ်က ပွဲစဉ်အတွင်းမှာ လုပ်ဆောင်ဖို့က ဘေးကြပ်နံကြပ်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ပွဲစဉ်အတွင်းမှာ အဲဒါကို တိုက်ရိုက် ကစားလို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲဥပဒေနဲ့ မကိုက်ညီလို့ပါ။ ဒါပေမယ့် ဒီနေ့ညနဲ့ နောက်ပိုင်းမှာ လုပ်မယ့်ဟာမျိုးကို မလုပ်နိုင်အောင် ဘယ်အရာကမှ ကျွန်တော်တို့ကို မရပ်တန့်နိုင်ပါဘူး။ ကျွန်တော်တို့ ဒီညမှာ အခြေအနေအမျိုးမျိုးကို ပြသဖို့ ကြိုးစားခဲ့ပြီး ရှေ့ဆက်ပြီးလည်း ကျွန်တော်တို့ ဒီတိုင်းပဲ ပိုလုပ်ဖို့ ကြိုးပမ်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဟောင်းဝက် ဝက်ဘ်က VAR ဟာ လူသားဖြစ်ပြီး အမှားပြုလုပ်မိခဲ့တဲ့အခါမှာ အသင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.
The post အာဆင်နယ်ဖလားမရအောင် ဆေးထိုးပြီးမှ VAR က လူသားပါလို့ ဆိုလာတဲ့ ဟောင်းဝက် ဝက်ဘ် first appeared on Sports A2Z.
Your new digest 50
Post a Comment
Previous Post Next Post