“ငါတို့ရဲ့ ဆယ်ရွန်လေး…တစ်ရက်ကလေးတောင် နင့်ကို ငါ ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အမြဲတမ်း ချစ်နေပါတယ်”
ဒီလွမ်းဆွတ်စကားလေးကိုတော့ မင်းသမီးချောလေး လီယောင်ယူဟာ သူ့ရဲ့သူငယ်ချင်းဖြစ်သူ မင်းသမီးကင်ဆယ်ရွန် ကွယ်လွန်ခြင်း ၁ နှစ်ပြည့်နေ့မှာ သူ့ရဲ့အင်စတာဂရမ်အကောင့် Story မှာ တင်ခဲ့တာပါ။ ဆယ်ရွန်ရဲ့အရိုးပြာအိုးနဲ့ ဓာတ်ပုံအပြင် ဆယ်ရွန်ရှိနေစဉ် အတူတူကုန်ဆုံးခဲ့တဲ့ အခိုက်အတန့်တုန်းက သူတို့သူငယ်ချင်း၂ ယောက်ရဲ့ဓာတ်ပုံကိုပါ ဖေဖော်ဝါရီ ၁၆ ရက်နေ့က တင်ခဲ့ပါတယ်။

မင်းသမီးကင်ဆယ်ရွန်ကို ၂၀၂၅၊ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆိုးလ်မြို့၊ ဆွန်ဒုန်ဂူခရိုင်ရှိ သူ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့တာပါ။ သူ သေဆုံးချိန်မှာ အသက် ၂၄ နှစ်ပဲရှိပါသေးတယ်။ ဆေးရွန်က ကလေးသရုပ်ဆောင်အဖြစ် ၂၀၀၉ ခုနှစ်က A Brand New Life ရုပ်ရှင်ကားနဲ့ ပွဲဦးထွက်ခဲ့တာပါ။ ကိန်းရုပ်ရှင်ပွဲတော် တက်ရောက်ခဲ့ပြီးနောက် သူ့အသက် ၉ နှစ်အရွယ်မှာ လူအများစိတ်ဝင်စားလာခဲ့ပါတယ်။ သူ့ကို လူသိများဆုံးဇာတ်ကားကတော့ မင်းသားဝန်ဘင်းနဲ့ သရုပ်ဆောင်ခဲ့တဲ့ “The Man from Nowhere”ပါပဲ။

Ref: Lee Young Yoo shares heartfelt tribute to late Kim Sae Ron on first anniversary of her passing
WL (ရိုးရာလေး)
The post မင်းသမီးကင်ဆယ်ရွန် ကွယ်လွန်ခြင်း ၁ နှစ်ပြည့်မှာ သူငယ်ချင်းဖြစ်သူရဲ့ လွမ်းဆွတ်စကား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment