အခု မဲဒိုဝေါကာက Fast and Furious မိသားစုဝင်တစ်ယောက်ဖြစ်တဲ့အပြင် အဲဒီအတွက် ဂုဏ်ယူနေတာပါ။ သူ့ဖခင် ပေါလ် ဝေါကာကို အောက်မေ့တသတဲ့အနေနဲ့ မေလ ၁၉ ရက်နေ့ ရုံတင်ပြသမယ့် Fast X ဇာတ်ကားအသစ်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။

မဲဒိုကိုယ်တိုင်ကလည်း အဲဒီဇာတ်ကားသစ်မှာပါဝင်ထားတယ်ဆိုတာကို သူ့အင်စတာဂရမ်အကောင့်မှာ မေလ ၁၁ ရက်နေ့က တင်ထားပါတယ်။ “Fast X မှာ ကျွန်မ ဧည့်သည်အဖြစ် ပါဝင်ထားတဲ့ ကြိုတင်ပြကွက်…ကျွန်မ အသက် ၁ နှစ်မှာ ပထမဆုံး Fast and Furious ထွက်ရှိခဲ့တယ်။ ကျွန်မ့အဖေ၊ ဗင်၊ ဂျော်ဒန်နာ၊ မီချဲလ်၊ ခရစ်တွေကို မော်နီတာမှာ ကြည့်ရင်း ရိုက်ကွင်းမှာ ကျွန်မ ကြီးပြင်းခဲ့ရတယ်။ အဖေရဲ့ကျေးဇူးကြောင့် Fast Furious မိသားစုအဖြစ် မွေးဖွားလာခဲ့တယ်။ အခု ကျွန်မလည်း အဲဒီမှာ ပါဝင်ရတဲ့အတွက် မယုံနိုင်ဖြစ်ရတယ်။ ကျွန်မ ကြီးပြင်းလာတာကို မြင်တွေ့ခဲ့ရတဲ့ သူတွေနဲ့အတူ”လို့လည်း ရေးသားထားပါတယ်။

မဲဒိုက ဒါရိုက်တာ လူးဝစ် လဲတာရီယားကိုလည်း သူ့ရဲ့အကြင်နာတရား၊ စိတ်ရှည်မှုနဲ့ ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ခဲ့ပါတယ်။ သူ့အဖေရဲ့အမွေအနှစ်ကို ဂုဏ်ပြုပေးနိုင်တဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်ရတယ်လို့လည်း သူက ဆိုပါတယ်။
Fast X ဇာတ်ကားက သူ ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ဇာတ်ကားပါ။ Fast and Furious ဇာတ်ကားပရိသတ်တွေကလည်း ဒီဇာတ်ကားသစ်မှာ မဲဒိုကို မြင်တွေ့ရဖို့ မစောင့်နိုင်ဖြစ်နေကြပါတယ်။
Ref: Meadow Walker honors late dad Paul Walker with a cameo in ‘Fast X’
WL (ရိုးရာလေး)
The post ဖခင်ဖြစ်သူကို ဂုဏ်ပြုတဲ့အနေနဲ့ “Fast X” ဇာတ်ကားအသစ်မှာ ဧည့်သည်အဖြစ်ပါဝင်ထားတဲ့ မဲဒို ဝေါကာ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment