နှင်းမုန်တိုင်း တိုက်ခတ်နေချိန်အတွင်း ကိုရီးယားခရီးသည်တွေကို သူတို့အိမ်မှာ တည်းခို၊ စားသောက်ခွင့်ပေးခဲ့တဲ့ နယူးယော့ခ်မြို့မှ ဇနီးမောင်နှံဟာ တောင်ကိုရီးယားနိုင်ငံကို ၁၀ ရက်ကြာ သွားရောက်လည်ပတ်နေပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်က ဘက်ဖလိုမြို့အနီးမှာ ကိုရီးယားခရီးသည် ၁၀ ယောက် လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး ဆီးနှင်းထဲမှာ ပိတ်မိခဲ့ပါတယ်။

ခရီးသည်တွေထဲမှာ ၂ ယောက်က ဆီးနှင်းတွေကို တူးထုတ် ဖယ်ရှားဖို့ ဂေါ်ပြား ငှားဖို့အတွက် အနီးနားက အိမ်တွေကို တံခါးလိုက်ခေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အလက်ဇန္ဒားနဲ့ အန်ဒရီယာတို့ ဇနီးမောင်နှံက မုန်တိုင်း ငြိမ်သက်သွားတဲ့အထိ ခရီးသည်တွေကို သူတို့အိမ်မှာ တည်းခိုခွင့်ပေးခဲ့ပါတယ်။
ဒီလထဲမှာတော့ ကိုရီးယားခရီးသွားလုပ်ငန်းအဖွဲ့အစည်းရဲ့ ဖိတ်ကြားချက်အရ အလက်ဇန္ဒားနဲ့ အန်ဒရီယာတို့ ဇနီးမောင်နှံက တောင်ကိုရီးယားနိုင်ငံကို ၁၀ ခရီး လာရောက်ခဲ့ပြီး သူတို့ကူညီပေးခဲ့တဲ့ ခရီးသည်တွေနဲ့ ပြန်လည်ဆုံစည်းခွင့် ရခဲ့ပါတယ်။
Ref: American Couple Who Sheltered Korean Tourists In Blizzard Visit Korea
NZ (ရိုးရာလေး)
The post နှင်းမုန်တိုင်းအတွင်း သူတို့ကူညီပေးခဲ့တဲ့ ခရီးသွားတွေနဲ့ အမေရိကန်ဇနီးမောင်နှံ ပြန်လည်ဆုံစည်း appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment