အချစ်ကို ဝေစားတဲ့ ဗင်နီဇွဲလားအမျိုးသမီးနှစ်ဦးရဲ့ ဇာတ်လမ်းကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူ့ချစ်သူကောင်လေးမှာ နောက်ရည်းစားတစ်ယောက် ရှိနေတယ်ဆိုတာကို WhatsApp မက်ဆေ့တွေကနေ ဆိုဖီယာဂူတီယာရက်ဇ် သိသွားခဲ့တာပါ။ အများအားဖြင့် ဒီလို အခြေအနေမှာ အချင်းများကြမှာဖြစ်ပေမဲ့ ဆိုဖီယာကတော့ သူ့ချစ်သူ ကောင်လေးကို ပြဿနာ မရှာခဲ့ပါဘူး။
သူ့ချစ်သူရဲ့ ရည်းစားနဲ့ လူချင်းသွားတွေ့ပြီး စကားပြောခဲ့ပါတယ်။ အဲဒီအမျိုးသမီးနာမည်ကတော့ ဆာရာဂီးလ်ပါ။ ဆိုဖီယာက ဆာရာဂီးလ်နဲ့ သူငယ်ချင်းတွေ ဖြစ်သွားပြီး ချစ်သူကောင်လေးကို ပြိုင်တူတွဲကြဖို့ သဘောတူခဲ့ကြတာပါ။ ဆာရာဂီးလ်ကလည်း တကယ်ချစ်တာဖြစ်လို့ အခုလို သဘောတူခဲ့တာလို့ ဆိုဖီယာက ပြောပါတယ်။
ဒီသတင်းဟာ လက်တင်ဘာသာ သတင်းဌာနကြီးတွေပါ ဖော်ပြကြတဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပြီး ချစ်သူ ၂ ယောက်လုံးကို တရားဝင်ပြိုင်တူ တွဲခွင့်ရတဲ့ ကောင်လေးကိုတော့ ကမ္ဘာ့ကံအကောင်းဆုံးလူသားလို့ လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။
Ref: Woman Befriends Boyfriend’s Mistress, Accepts Her as Co-Girlfriend
NZ ( ရိုးရာလေး)
The post အချစ်ကို ဝေစားကြသူများ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment