ဟိုတယ်ငှားပြီး ရေနံပိုက်လိုင်း ဖောက်ဖို့ ကြိုးစားခဲ့သူ ၈ ယောက်ကို ဖမ်းဆီးရမိ

တောင်ကိုရီးယားမှာ ဟိုတယ်ကနေ မြေအောက်ဥမင်လိုဏ်ခေါင်းတူးပြီး ရေနံပိုက်လိုင်းဖောက်ဖို့ ကြိုးစားခဲ့သူ ၈ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်။ သူတို့ ၈ ယောက်က မြောက်ပိုင်းချန်းချွန်းပြည်နယ်၊ ချွန်းဂျူမြို့မှာ ဟိုတယ်တစ်ခုလုံးကို လချုပ်နဲ့ ငှားရမ်းခဲ့ပြီး တစ်လလုံးလုံး မြေအောက်ဥမင်လိုဏ်ခေါင်း တူးခဲ့တာပါ။

တောင်ကိုရီးယားနိုင်ငံပိုင် ဒဲဟန်ရေနံပိုက်လိုင်းကော်ပိုရေးရှင်းရဲ့ ဝန်ထမ်းဟောင်းတစ်ယောက်က ဒီဖောက်ထွင်းမှုကို ဦးဆောင်ခဲ့တာပါ။ သူဟာ ရေနံပိုက်လိုင်းကနေ ရေနံခိုးဖို့ ကြိုးစားခဲ့လို့ အလုပ်ထုတ်ခံခဲ့ရသူပါ။ သူတို့ ၈ ယောက်က ဒီဟိုတယ်ကို အချိန်အတော်ကြာ လေ့လာခဲ့ပြီး စီးပွားရေးလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်ပေးပြီး တစ်လ ဝမ် ၄၅ သိန်းနဲ့ ငှားရမ်းခဲ့တာပါ။ အဲဒီနောက်မှာတော့ ဟိုတယ်ကို ပိတ်ပြီး မြေအောက်ခန်းကနေ တူးဖော်မှုတွေ လုပ်ခဲ့ပါတယ်။

သူတို့ဟာ အသံကျယ်ကျယ် မထွက်စေဖို့ ပေါက်တူး၊ ဂေါ်ပြား အစရှိတဲ့ ပစ္စည်းတွေကိုပဲ သုံးပြီး တူးခဲ့တာပါ။ တစ်လအကြာမှာ သူတို့က ၁၀ မီတာအရှည်အထိ တူးနိုင်ခဲ့ပြီး ရေနံပိုက်လိုင်းနဲ့ ၃၀ စင်တီမီတာပဲ ကွာဝေးတဲ့နေရာကို ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ ပျော်ရွှင်နေတုန်းမှာပဲ သူတို့ဟိုတယ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး သူတို့အားလုံးကို ဖမ်းခဲ့ကြတာပါ။ သူတို့တွေက ဂတ်စ်ဆိုင် ၂ ဆိုင်ကို ရေနံရောင်းဖို့ ချိတ်ဆက်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အကြံ အထမမြောက်ခဲ့ပါဘူး။

မြေအောက်ဥမင်လိုဏ်ခေါင်းက အမြင့် ၇၈ စင်တီမီတာ၊ အကျယ် ၈၁ စင်တီမီတာရှိပြီး သစ်ချောင်းတွေနဲ့ ထောက်ထားပါတယ်။ မြေအောက်ဥမင်လိုဏ်ခေါင်းဖောက်ထားတာနေရာဟာ တစ်နေ့ကို ဘတ်စ်ကားအစီးရေ ၆၀၀၀၀ ကျော် ဖြတ်သန်းသွားလာတဲ့ ဘတ်စ်ကားလမ်းအောက် ရောက်နေလို့ တောင်ကိုရီးယားအာဏာပိုင်တွေက အောက်ခံမြေသား တောင့်တင်းစေဖို့ မြေအောက်ဥမင်ကို မြေပြန်ဖို့ဖို့ စီစဉ်နေကြပါတယ်။

Ref: Thieves Rent Entire Hotel, Spend a Month Digging Tunnel to Oil Pipeline

NZ ( ရိုးရာလေး)

The post ဟိုတယ်ငှားပြီး ရေနံပိုက်လိုင်း ဖောက်ဖို့ ကြိုးစားခဲ့သူ ၈ ယောက်ကို ဖမ်းဆီးရမိ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post