ပြစ်ဒဏ်ကျခံပြီးနောက် ပထမဆုံးပြန်ကစားတဲ့ပွဲမှာလည်း ဒုံရင်းဖြစ်ခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အသင်းရဲ့ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီးနောက်ပိုင်း ပထမဆုံး ပြန်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

အာဂျင်တီးနားကမ္ဘာ့ဖလားချန်ပီယံဟာ ယခုလအစောပိုင်းမှာ ဆော်ဒီ အာရေဗျကို ခွင့်ပြုချက်မရှိဘဲ ၂ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ၂ ပတ်တိတိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြင်သစ်ချန်ပီယံတွေဟာ လီယွန်နယ် မက်ဆီရဲ့ တောင်းပန်မှုအပြီးမှာ ပွဲပယ်ပြစ်ဒဏ်ကို လျှော့ချခဲ့ပြီး အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ စနေနေ့ညနေ အက်ဂျက်စီယိုနဲ့ ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မတိုင်ခင် ယခုအပတ်မှာ လေ့ကျင့်ရေးပြန်ဆင်းခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ စနေနေ့ညနေပွဲစဉ်အတွက် ပီအက်စ်ဂျီအသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ နာမည်ကို ကွင်းထဲမှာ ကြေညာခဲ့ချိန်မှာတော့ အိမ်ကွင်းပရိသတ်တွေဆီကနေ ကျယ်လောင်တဲ့ လှောင်ပြောင်သံတွေနဲ့ ဝီစီမှုတ်သံတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် ပီအက်စ်ဂျီပရိသတ်တွေဟာ ခီလီယန် အမ်ဘာပေရဲ့ နာမည်ကို ကြေညာသူက ဖတ်ပြခဲ့တဲ့ အချိန်မှာတော့ ကျယ်ကျယ်လောင်လောင်ပဲ အောင်ပွဲခံခဲ့ကြတာဖြစ်ပြီး မက်ဆီဟာ ပထမပိုင်း အစောပိုင်းမှာ ဘောလုံးထိတဲ့အချိန်တိုင်း ပရိသတ်တွေဆီကနေ လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

မက်ဆီဟာ ယခုရာသီကုန်မှာ သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် ပီအက်စ်ဂျီကို စွန့်ခွာလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရပြီး ဘာစီလိုနာအသင်းက ကြယ်ပွင့်ဟောင်းကို ပြန်လည်ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်ကို နူးကမ့် ပြန်လည်ခေါ်ယူဖို့အတွက် ၎င်းတို့ရဲ့ လစာပေးချေနေရတဲ့ပမာဏကို လျှော့ချဖို့ လိုအပ်တယ်လို့ သတိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ဆော်ဒီ ပရိုလိဂ်ကလပ်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းဆီကနေ တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀၀ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ အသင္းရဲ႕ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရၿပီးေနာက္ပိုင္း ပထမဆုံး ျပန္ကစားခဲ့တဲ့ပြဲစဥ္အတြင္း ပီအက္စ္ဂ်ီပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

အာဂ်င္တီးနားကမာၻ႔ဖလားခ်န္ပီယံဟာ ယခုလအေစာပိုင္းမွာ ေဆာ္ဒီ အာေရဗ်ကို ခြင့္ျပဳခ်က္မရွိဘဲ ၂ ရက္ၾကာ အလည္အပတ္ သြားေရာက္ခဲ့တဲ့အတြက္ ပီအက္စ္ဂ်ီအသင္းရဲ႕ ၂ ပတ္တိတိ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ျပင္သစ္ခ်န္ပီယံေတြဟာ လီယြန္နယ္ မက္ဆီရဲ႕ ေတာင္းပန္မႈအၿပီးမွာ ပြဲပယ္ျပစ္ဒဏ္ကို ေလွ်ာ့ခ်ခဲ့ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ စေနေန႔ညေန အက္ဂ်က္စီယိုနဲ႔ ကစားခဲ့တဲ့ လီဂူးဝမ္းပြဲစဥ္မတိုင္ခင္ ယခုအပတ္မွာ ေလ့က်င့္ေရးျပန္ဆင္းခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ စေနေန႔ညေနပြဲစဥ္အတြက္ ပီအက္စ္ဂ်ီအသင္းရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း ၎ရဲ႕ နာမည္ကို ကြင္းထဲမွာ ေၾကညာခဲ့ခ်ိန္မွာေတာ့ အိမ္ကြင္းပရိသတ္ေတြဆီကေန က်ယ္ေလာင္တဲ့ ေလွာင္ေျပာင္သံေတြနဲ႔ ဝီစီမႈတ္သံေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

ဆန႔္က်င္ဘက္အားျဖင့္ ပီအက္စ္ဂ်ီပရိသတ္ေတြဟာ ခီလီယန္ အမ္ဘာေပရဲ႕ နာမည္ကို ေၾကညာသူက ဖတ္ျပခဲ့တဲ့ အခ်ိန္မွာေတာ့ က်ယ္က်ယ္ေလာင္ေလာင္ပဲ ေအာင္ပြဲခံခဲ့ၾကတာျဖစ္ၿပီး မက္ဆီဟာ ပထမပိုင္း အေစာပိုင္းမွာ ေဘာလုံးထိတဲ့အခ်ိန္တိုင္း ပရိသတ္ေတြဆီကေန ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

မက္ဆီဟာ ယခုရာသီကုန္မွာ သက္တမ္းကုန္ဆုံးတဲ့အခ်ိန္က်ရင္ ပီအက္စ္ဂ်ီကို စြန႔္ခြာလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရၿပီး ဘာစီလိုနာအသင္းက ၾကယ္ပြင့္ေဟာင္းကို ျပန္လည္ေခၚယူဖို႔ ေျပာဆိုေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္ကို ႏူးကမ့္ ျပန္လည္ေခၚယူဖို႔အတြက္ ၎တို႔ရဲ႕ လစာေပးေခ်ေနရတဲ့ပမာဏကို ေလွ်ာ့ခ်ဖို႔ လိုအပ္တယ္လို႔ သတိေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ျဖစ္တဲ့ အယ္လ္ ဟီလာလ္အသင္းဆီကေန တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၄၀၀ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈကိုလည္း ရရွိထားတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ပြစ်ဒဏ်ကျခံပြီးနောက် ပထမဆုံးပြန်ကစားတဲ့ပွဲမှာလည်း ဒုံရင်းဖြစ်ခဲ့တဲ့ မက်ဆီ first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post