Credit;
သမီးဖြစ်သူနဲ့ ကလေးအဖေရွှေသမက်လေးတို့ တိုက်တဲ့သိန်းဆယ်ချီတန်တဲ့ စပရိုက်ကြီးကြောင့် အပျော်ကြီးပျော်နေတဲ့ ပိုးကြာဖြူခင်ရဲ့မိခင်
နာမည်ကြီး ဇာတ်လမ်းတွဲ သရုပ်ဆောင် တစ်ယောက်ဖြစ် တဲ့ ပိုးကြာဖြူခင် ကတော့ တစ်နိုင်ငံလုံးက ပရိသတ်ကြီး အားလုံး သိထားပြီးသားဖြစ်မှာပါ။ ပိုးကြာဖြူခင်ဟာ ပြီး ခဲ့တဲ့ ဧပြီလအတွင်းမှာပဲ မန္တလေးကသူဌေးတစ်ယောက် လက်ထပ်သွားခဲ့ပြီဖြစ်ပြီး သာယာတဲ့မိသားစုဘဝ လေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မေလ (၁၄) ရက်နေ့ကတော့ အမေများနေ့ဖြစ်ပြီး ပိုး ကြာဖြူခင်တို့ဇနီးမောင်နှံက မေမေ့ဆီကို လက်ဆောင်ပို့ ပေးဖြစ်ခဲ့တယ်လို့သိရပါတယ်။
ပိုးကြာဖြူခင်ရဲ့မေမေ ဒေါ်အေးအေးမြင့်က “မိုးတွေလေ တွေကြားက i sure က ပစ္စည်းလာပို့တယ်။ မန္တလေးက တဲ့.. အံ့ဩသွားတယ်။ သမီးဆိုင်းမိုင်တို့ ဇနီးမောင်နှံက “Happy mother day “တဲ့အမေအရမ်းလိုချင်နေတဲ့ Apple watch 8 နာရီလေး လက်ဆောင်ပို့လိုက်တာ ဝမ်းသာလိုက်တာမှအရမ်း။ မိဘအပေါ်သိတတ်သော သားနဲ့သမီး ကျမ်းမာချမ်းသာစွာဖြင့် အိုအောင်မင်း အောင်ပေါင်းရပါစေ လိုအင်အန္ဒမှန်သမျှလွယ်ကူစွာ ပြည့်ပါစေ လိုတိုင်းတရနိုင်ကြပါစေ အစစအဆင်ပြေပါ စေ။ “Happy Mother”s Day. 2023 – (မြန်မာပြည်ကြီး မုန်တိုင်းအန္တရယ်မှ ကင်းအောင် အမေနဲ့အတူ ဆုတောင်းကြရအောင်)” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါ တယ်။
ပိုးကြာဖြူခင်တို ့ဇနီးမောင်နှံ ကတော့ မေမေ့အတွက် မန္တလေးမြို့ကနေပြီး (၁၂) သိန်းကျော်တန် နောက်ဆုံးပေါ်iWatch နာရီ လက်ဆောင်ပို့ပေးခဲ့တယ် လို့ ဆိုပါတယ်။ ပိုးကြာဖြူခင်ရဲ့မေမေကလည်း သိတတ် လွန်းတဲ့ သမီးနဲ့ သမက်ကြောင့် ပီတိဖြစ်နေတာပဲဖြစ်ပါ တယ်။
Credit;
The post သမီးဖြစ်သူနဲ့ ကလေးအဖေရွှေသမက်လေးတို့ တိုက်တဲ့သိန်းဆယ်ချီတန်တဲ့ စပရိုက်ကြီးကြောင့် အပျော်ကြီးပျော်နေတဲ့ ပိုးကြာဖြူခင်ရဲ့မိခင် appeared first on World info Post.
Your new digest 50
Post a Comment