ပရိသတ်ကြီးရေ အိစိကွေးကတော့ ငယ်ငယ်လေးကတည်း ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားတဲ့သူပဲဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ လက်ရှိမှာဆိုရင်တော့ လူကြီးသရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပါပြီ။
အိစိကွေးကတော့ လက်ရှိအချိန်ထိလည်း ဇာတ်လမ်းတွဲတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့ပြီး ငယ်စဉ်ကတည်းကရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားပါသေးတယ်။ မနေ့ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အိစိကွေးက မွန်မြတ်လှတဲ့ အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။
အလှူလေးကတော့ မဟာအတုလဂရုဠရာဇမုနိရုပ်ပွါးတော်အတွင်း ဌာပနာရန်အတွက် ရွှေရတနာပစ္စည်းများ လှူဒါန်းခဲ့တဲ့အလှူလေးပဲဖြစ်ပါတယ်။ CeleZone ပရိသတ်ကြီးရေ အိစိကွေးရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။
Source – Eisi Kway
Chilli – CeleZone
-Zawgyi Font ဖြင့်ဖတ်ရန်-
မဟာအတုလဂရုဠရာဇမုနိရုပ်ပွါးတော်အတွင်း ဌာပနာဖို့ ရတနာပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ အိစိကွေး
Source – Eisi Kway
Chilli – CeleZone
Your new digest 50
Post a Comment