




နှစ်ဆန်း တရက်နေ့ရောက် ရင်တော့ ဥပုသ် သီတင်း သီလ ဆောက်တည်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ တရားဘာဝနာပွားများပါ ထိုနေ့မှာ ပဌာန်းအကျယ်ဖွင့် ရွတ်ပွားပါ အရပ်၁၀မျက်နှာနဲ့ ၃၁ဘုံ သားတို့အား မေတ္တာပို့ပါ အမျှ ဝေပြါ မန်မာ နှစ်ကူးမှ စ၍ စီးပွားဥစ္စာများ တိုးတက်ကြဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်

သင်္ကြန် မှာ ပြုလုပ် ရမည့်အရာများ….မသိသေးရင် စာလေးကိုအဆုံးထိဖတ်ပေးပါရှင် အကြို နေ့မှာ မိမိ နေအိမ်ရှိ ဘုရား ကို ရေသပ္ပာယ်ပါ ဘုရားစင်ပေါ်ရှိ မလိုအပ် သည့်ပစ္စည်းများနှင့် အမှိုက် များ ရှင်းလင်းပြီး ဘုရားစင်တခုလုံး ကြည်ညိုစဖွယ် ဖြစ်အောင်ထားပါ ထိုနေ့မှာ မေတ္တာသု တ် ရွတ်ပွားပါ

သင်္ကြန်အကျနေ့မှာ နေအိမ်ဘုရားကို သက်ရှိ ထင်ရှာ ရှိနေသကဲ့သို့ သဘောထားပြီး ဆွမ်း ကပ် ပေးပါ… ထို့နည်းအတူ မြတ်စွာဘုရားရဲ့ သားတော်များဖြစ်ကြတဲ့ ရဟန်း သံဃာတို့အား ဆွမ်းဂျိုင့်ပို့ခြင်းဆွမ်းစား ပင့် ခြင်း စတဲ့ကောင်းမှူ ဒါနများ ပြုလုပ်ပေးပါ ထိုနေ့မှာ ရတနသုတ်ရွတ်ပါ

သင်္ကြန် အကြတ်နေ့မှာ နေအိမ် သို့မဟုတ် လမ်းထဲ ရပ်ကွက်ထဲရှိ အဖိုးအဖွား များကို ခေါင်းဆေး မင်္ဂလာ ပြုပေးခြင်း လက်သည်း ခြေသည်း ညှပ် ပေးခြင်းများ ပြုလုပ်ပေးပါ.. ထိုနေ့မှာဘဲ မိမိ ကိုယ်တိုင်ကလည်း ဦး ခေါင်း s ay မင်္ဂလာ ပြုလုပ်ပေးပါ ps… တရော် ကင်ပွန်းဖြင့်သာ ပြုလုပ်ပေးပါ ထိုနေ့မှာ ဂုဏ်တော် ၉ ပါးရွတ်ပါ

သင်္ကြန်အတက်နေ့မှာ တတ်နိုင်တဲ့သူကလည်း စတုဒိသာ အကျွေး အမွေး များ ဖြင့် ကုသိုလ် ယူနိုင်သလို မတတ်နိုင်သော သူများ ကလည်း .. သောက်ရေသန့် လှူပေးပါ ထိုနေ့မှာ မဟာသမယသု တ် ရွတ်ပါ နှစ်ဆန်း တရက်နေ့ရောက် ရင်တော့ ဥပုသ် သီတင်း သီလ ဆောက်တည်ပြီး နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ တရားဘာဝနာပွားများပါ ထိုနေ့မှာ ပဌာန်းအကျယ်ဖွင့် ရွတ်ပွားပါ အရပ်၁ဝမျက်နှာနဲ့ ၃၁ဘုံ သားတို့အား မေတ္တာပို့ပါ အမျှ ဝေပါ မြန်မာ နှစ်ကူးမှ စ၍ စီးပွားဥစ္စာများ တိုးတက်ကြဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

The post သင်္ကြန် မှာ ပြုလုပ် ရမည့်အရာများ….မသိသေးရင် စာလေးကိုအဆုံးထိဖတ်ပေးပါ appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post