နှစ်ပေါင်း ၁၀၀ နီးပါး မြန်မာ့နိုင်ငံရေးသမိုင်းနဲ့အတူရှိခဲ့သော်လည်း ဖြိုဖျက်ခံခဲ့ရတဲ့ Smart & Mookerdum စာအုပ်ဆိုင် …..
စမတ်အင်မူကာဒင် စာအုပ်ဆိုင်ကို ကုန်သည်လမ်းနှင့်ပန်းဆိုးတန်းလမ်းထောင့်ရှိ ဆိုဖယ်အဆောက်အဦးတွင်
၁၈၉၇-ကာလမှာ စတင်ဖွင့်ခဲ့သည်။
နောက်ပိုင်း ဆူးလေလမ်းထောင့် (ရှန်ဂရီလာ)ဟိုတည်ရှိရာနေရာသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ဗိုလ်ချုပ်အောင်ဆန်း၊
ဦးနု၊ ဦးသန့်ကဲ့သို့ ထင်ရှားသည့်မြန်မာ့နိုင်ငံရေးသမားများနှင့် တွဲဖက်ပြု၍မြန်မာ့ သမိုင်းတွင်ထင်ရှားကျော်ကြားလှသော
စာအုပ်ဆိုင်တဆိုင်အဖြစ်လူသိများခဲ့သည်။ဂျော့အော်ဝဲလ် မြန်မာပြည်လာစဉ်က စမတ်အင်မူကာဒင်ဆိုင်မှ
ဝတ္ထုစာအုပ်တွေကို သွားရောက်ဝယ်ယူဘူးသည်။
ဂျော့အော်ဝဲလ် အတော်နှစ်သက်ခဲ့သောဆိုင်လဲဖြစ်၏။ရေဆေးအကျော် ဦးထွန်းလှ၏ပန်းချီကားများကိုလည်း
ထိုစာအုပ်ဆိုင်တွင် တင်၍ရောင်းချခဲ့ဘူး၏။သခင်စိုးကြီး သခင်ဘဝဘိုင်ကျစဉ်ကာလတွေက ကုလားပဲရေစိမ်
လက်တဆုပ်စားပြီး မာ့စ်၊လီနင်စာအုပ်များကို မဝယ်ပဲ နေ့စဉ်မက်တပ်ရပ်ကာ ဖတ်ရှုခဲ့ရသည်ဟူ၏။ဖတ်ပြီး စာရွက်ခေါက် မှတ်ထားသောစာအုပ်ကို သူဖတ်မပြီးမချင်း ဆိုင်ပိုင်ရှင်က အခြားတယောက်ကို မရောင်းခဲ့ဟူ၏။
၁၉၆၂-ကာလတွင် ပြည်သူပိုင်အသိမ်းခံခဲ့ရပြီး ဆိုင်လဲတဖြည်းဖြည်းဆုတ်ယုတ်သွားခဲ့ရသည်။
၁၉၉၀-ကာလအရောက်တွင် ဆူးလေလမ်းဆိုင်နေရာအားဖြိုဖျက်ခဲ့ရလေသည်။
Your new digest 50
Post a Comment