အမျိုးသမီးတစ်ဦးကို ဟောင်ကောင်က Wang Fuk Court အိမ်ရာအဆောက်အဦးမီးလောင်မှုအတွင်း အိမ်နီးနားချင်း ၄ ဦးနဲ့ အိမ်မွေးခွေး ၁ ကောင်ရဲ့အသက်ကို ကယ်တင်ရာမှာ ကူညီပေးခဲ့တဲ့အတွက် ဟီးရိုးအဖြစ် အမှတ်ရလို့နေကြပါတယ်။
ဘေးလွတ်ရာကို ရှောင်တိမ်းကြဖို့ သတိပေးချက်ရရှိပြီးတဲ့နောက် အဲ့ဒီအမျိုးသမီးဟာ ကိုယ်လွတ်မရုံဘဲ သူ နေထိုင်တဲ့ ၁၇ လွှာမှာ ရှိတဲ့ အိမ်နီးနားချင်းတွေရဲ့အခန်းတံခါးတွေကို ခေါက်ကာ မီးဘေးကို အသိပေးခဲ့တာပါ။ သူ့ရဲ့လုပ်ရပ်က သူ လွတ်မြောက်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့တိုက်ခန်းကို ပြန်ဆုတ်ခွာခဲ့ကာ နောက်ဆုံးမှာတော့ တိုက်ခန်းရဲ့မီးလျှံတွေကြားမှာ သေဆုံးသွားခဲ့ပါတယ်။
သူ့ရဲ့လုပ်ရပ်ကို သူ့ခင်ပွန်းက ဖေ့စ်ဘွတ်ခ်ပေါ်မှာ ထုတ်ပြောလာခဲ့တာပါ။ “လူ ၄ ဦးနဲ့ ခွေး ၁ ကောင်ရဲ့အသက်ကို ကယ်တင်ရင်း သူ့အသက်ပေးလိုက်ရပါတယ်။ သူ့ဘဝတစ်လျှောက်လုံး ကိုင်ဆွဲခဲ့တဲ့မူတွေက သူ့ရဲ့နောက်ဆုံးအခိုက်အတန့်အထိ မပြောင်းလဲသွားခဲ့ဘူး”လို့ သူ့ခင်ပွန်းက ပြောပါတယ်။
မီးလောင်တဲ့အချိန်မှာ ရှိမနေခဲ့တဲ့ခင်ပွန်းဖြစ်သူက သူသေဆုံးမှုအပေါ် အလွန်နောင်တရကြောင်း ထုတ်ပြောခဲ့ပါတယ်။ သူနဲ့ အတူရှိလာတာ နှစ် ၄၀ ကျော်ခဲ့ပြီး ပျော်ရွှင်မှု၊ဝမ်းနည်းမှုတွေကို မျှဝေခဲ့ကြပေမဲ့ သူ့ကို လိုအပ်နေခဲ့တဲ့အချိန်မှာ သူ့အတွက် ရှိနေမပေးနိုင်ခဲ့ဘူး။ ဒီလိုကြောက်စရာအခိုက်အတန့်ကို သူတစ်ယောက်တည်းရင်ဆိုင်နေခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ သူ့ကို ၁မိနစ်လောက်စောပြီး ဖုန်းဆက်ပြီးတော့ ထွက်သွားဖို့ပြောနိုင်ခဲ့ရင် ပိုကောင်းတဲ့ရလဒ်တစ်ခုဖြစ်နိုင်တယ်။ အခြားသူတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် သူ့ဇနီးနောင်တရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီမီးလောင်မှုအတွင်း သေဆုံးသူဦးရေက အခုအချိန်အထိ ၁၄၆ ဦးရှိနေပါပြီ။
Ref: Hong Kong woman, who died in Wang Fuk Court fire, knocked on doors & saved 4 people & 1 dog
WL ( ရိုးရာလေး)
The post ဟောင်ကောင်မီးလောင်မှုအတွင်း လူ ၄ ဦးနဲ့ ခွေး ၁ ကောင်ကို ကယ်တင်ဖို့ ကူညီရင်း အသက်ပေးသွားခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment