ပရီးမီးယားလိဂ်ရဲ့တလတာအကောင်းဆုံးဆုရရှိပြီးနောက် ဆာလာရဲ့စံချိန်ကိုချိုးတော့မယ့် ရက်ရှ်ဖို့ဒ်

ပရီးမီးယားလိဂ်ရဲ့တလတာအကောင်းဆုံးဆုရရှိပြီးနောက် ဆာလာရဲ့စံချိန်ကိုချိုးတော့မယ့် ရက်ရှ်ဖို့ဒ်

 

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဖေဖော်ဝါရီလ ပရီးမီးယားလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီး ဒီရာသီမှာ 3ကြိမ်မြောက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

 

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့လမှာ ယူနိုက်တက်အတွက် 5 ပွဲကစားပေးခဲ့ပြီး 4ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ နည်းပြ အဲရစ်တန်ဟက်ကလည်း ပရီးမီးယားလိဂ်ရဲ့ တလတာအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပြီး ဒါဟာ သူ့ရဲ့ပထမဆုံးရာသီမှာ 2ကြိမ်မြောက်ဖြစ်ပါတယ်။

 

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီမှာ အကောင်းဆုံးကစားသမားဆုကို စက်တင်ဘာ၊ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတို့မှာ ရရှိခဲ့ပြီး လီဗာပူးကစားသမား မိုဟာမက်ဆာလာရဲ့ 3ကြိမ်နဲ့ စံချိန်တူသွားပြီပဲဖြစ်ပါတယ်။

 

အဆိုပါဆု နောက်ထပ်ရဖို့ ရက်ရှ်ဖို့ဒ်အတွက် အချိန် 3လကျန်ရှိနေသေးပြီး နောက်တစ်ကြိမ်ထပ်ရရှိခဲ့ပါက ဆာလာကိုကျော်ပြီး စံချိန်အသစ်တင်နိုင်ဖြစ်မှာဖြစ်ပါတယ်။

 

ယူနိုက်တက်ပရိသတ်တစ်ဦးက သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ခေါ်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ ရှေ့ဆက်ပြီး သက်သေပြရမယ့် အလုပ်တွေ အများကြီးရှိတယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

 

ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေဟာ တန်ဟက်လက်ထက် ယူနိုက်တက်ရဲ့တိုးတက်မှုအတွက် အလွန်အရေးပါပြီး တနင်္ဂနွေနေ့ ဆောက်သမ်တန်နဲ့ပွဲမှာ သူ့ရဲ့ဂိုးသွင်းစာရင်းကို ထပ်မံတိုးမြှင့်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

 

 


Your new digest 50

Post a Comment

Previous Post Next Post