ဂျပန်ဘာသာ (JLPT) စာမေးပွဲလျှောက်လွှာများကို အစောင်ရေလိုက်ကန့်သန့်ရောင်းချမည်

ဂျပန်ဘာသာ (JLPT) စာမေးပွဲလျှောက်လွှာများကို အစောင်ရေလိုက်ကန့်သန့်ရောင်းချမည်

ဂျပန်ဘာသာ အရည်အချင်းစစ်JLPTစာမေးပွဲအတွက် ဂျပန်စာသင်တန်းကျောင်းတစ်ကျောင်စီတွင် လျှောက်လွှာအစောင်ရေသတ်မှတ်ချက်အလိုက်ကန့်သတ်ရောင်းချမှာဖြစ်ကြောင်းမြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ကသိရပါတယ်။

ရန်ကုန် နဲ့မန္တလေးမြို့တွေမှာရှိတဲ့ဂျပန်စာ သင်တန်းကျောင်းများအတွက်သင်တန်းကျောင်းတစ်ကျောင်းကိုလျှောက်လွှာအစောင်ရေအများဆုံး ၁၅၀ နှုန်းနဲ့သာ ရောင်းချသွားမှာဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။JLPTဂျပန်ဘာသာအရည်ချင်းစစ်စာမေးပွဲကို လာမယ့်ဇူလိုင်လ၂ရက်မှာ ကျင်းပမှာဖြစ်ရာ

စာမေးပွဲအတွက်သင်တန်းကျောင်း၊ကုမ္ပဏီများအနေနဲ့လျှောက်လွှာဝယ်ယူနိုင်ရန်ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ပြီးလျှောက်လွှာရောင်းချမယ့်ကာလနဲ့တင်သွင်းရမယ့်ကာလကိုလျှောက်လွှာစာရွက်များ မြန်မာနိုင်ငံသို့ရောက်ရှိတဲ့အချိန်မှာထုတ်ပြန်ကြေညာသွားမှာဖြစ်ကြောင်းသိရပါတယ်။လျှောက်လွှာဝယ်ယူမယ့်ဂျပန်စာ သင်တန်းကျောင်းများအနေနဲ့

မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်းဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာရှိ Google form မှတစ်ဆင့်ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၇ ရက်အတွင်းကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ကာ booking Systemနဲ့ရောင်းပေးသွားမယ်လို့ဆိုပါတယ်။

သင်တန်းကျောင်းလျှောက်လွှာမဟုတ်တဲ့တစ်ဦးချင်းလျှောက်လွှာတွေကိုတော့အွန်လိုင်းကတစ်ဆင့် အကန့်သတ်မရှိလက်ခံသွားမယ်လို့လည်း မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က အသိပေးထုတ်ပြန်ထားပါတယ်။

The post ဂျပန်ဘာသာ (JLPT) စာမေးပွဲလျှောက်လွှာများကို အစောင်ရေလိုက်ကန့်သန့်ရောင်းချမည် appeared first on သုတရသအဖြာဖြာ.



Your new digest 49

Post a Comment

Previous Post Next Post