ဘေဘီမောင်၊ စိုးနန္ဒာကျော်တို့နဲ့ နာမည်ရှေ့နောက်ထိုးတဲ့ကိစ္စဖြစ်ခဲ့တုန်းက ဖြေရှင်းခဲ့တဲ့ပုံလေးကို အသေးစိတ်ပြောပြလာတဲ့ လုလင်ပျို
Credit
မျက်ခုံးထူထူ နှာတံပေါ်ပေါ်နဲ့ သာမန်ထက်ပေါ်လွင်ထင်ရှားတဲ့ ရုပ်ရည်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ အဆိုတော်လုလင်ပျိုကတော့ အနုပညာဂီတနယ်ပယ်ထဲမှာ အောင်မြင်ထင်ရှားသူတစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ တက်သစ်စလူငယ်အဆိုတော်လေးပဲဖြစ်ပါတယ်။ လုလင်ပျိုဟာ လက်ရှိဖြစ်ပျက်နေတဲ့ နာမည်ကြီးဇာတ်လမ်းတွဲမင်းသမီးရဲ့ နာမည်ရှေ့နောက်ထားတဲ့ပြဿနာနဲ့ပတ်သက်ပြီး (၂၀၁၉) ခုနှစ်က သရုပ်ဆောင် ဘေဘီမောင်၊ စိုးနန္ဒာကျော်တို့ရဲ့ ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်လေးကိုပြောပြလာပါတယ်။လုလင်ပျိုက “နာမည်ထိုးတဲ့ ကိစ္စ ၂၀၁၉ က Bo Bo Entertainment နဲ့ တင်တဲ့ ‘လောကကြီး’ ဆိုတဲ့ သီချင်းလုပ်တုန်းက မင်းသား ညီနန္ဒ ဘေဘီမောင် စိုးနန္ဒာကျော် စသည်ဖြင့် ရိုက်ကူးခဲ့ပါတယ် ပျို့သီချင်းထဲမှာ သူတို့ ပါဝင်ရတဲ့ အခန်းက နည်းနည်းလေးရယ်ပါ။
သီချင်းပြီးစာတန်းထိုးတော့ ခေါင်းစားစရာက ပေါ်လာတယ် နိုင်ငံကျော်က ၃ ယောက်ပါတယ်။ ညီနန္ဒကတော့ထားလိုက် မင်းသမီး ၂ ယောက် ဘေဘီမောင်နဲ့ စိုးနန္ဒာကျော် ဘယ်သူ့ကို ရှေ့ထားရမှန်းမသိလို့ ၂ ယောက်လုံးကို ဖုန်းအရင်ဆက်ပြီးမေးခဲ့ပါတယ်။ ထိုစဉ်က ဘေဘီမောင်သည် ရုပ်ရှင်ကားကြီးတွေမှာ ပါဝင်နေတာတွေ့ရပါသည်။ ထိုစဉ်က စိုးနန္ဒာကျော်သည် mrtv 4 ရဲ့ ဇာတ်လမ်းတွဲ ခေါင်းဆောင်မင်းသမီး အနေနဲ့ the sign of love မှာ သိရှိထားကြပီးမှ အနုပညာ အလုပ်ကို ခနရပ်ထားနေချိန်ဖြစ်ပါသည်။ ဘယ်သူက စီနီယာလဲ မသိလို့ နာမည် ကိစ္စမေးသောအခါ ဘေဘီမောင်က သူမ ပေါ်တာကြာလှပီဖြစ်ကြောင်းပြောပါတယ် ဒါပေမဲ့ ရပါတယ်ပြောပါတယ်။
စိုးနန္ဒာကျော်ကတော့ ဘယ်နေရာမဆို အဆင်ပြေပါတယ်ဟု ပြောပါတယ်။ ဒီတော့ ၂ ဖက်လုံးက အဆင်ပြေသော်လည်း ဘေဘီ့ကို အရှေ့မှာ ထားပေးခဲ့သည် ဘေဘီသည် စိုးနန္ဒာကျော်ထက် အရင် စီနီယာဖြစ်ခဲ့တာကို ဖော်ပြပေးတာဖြစ်သည်ေြ ပာချင်တာက ဒီ (၄)မိနစ်စာ သီချင်းလေးတစ်ပုဒ်မှာတောင် ဒီတစ်ပုဒ်အတွက် သရုပ်ဆောင်ရတဲ့ ပါဝင်မှူ တူညီတဲ့ main role ရှိနေတော့ စီနီယာကို အလေးထားပေးပြီး နာမည်ထိုးပေးခဲ့ပါသည်။ စီစဉ်တဲ့သူအနေနဲ့လဲ Artist တွေအပေါ်မှာ respect ရှိစွာ နဲ့ အရင်မေးမြန်လုပ်ဆောင်ပေးခဲ့တာကို ဆိုလိုပါသည်…. ” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။
Post a Comment
Previous Post Next Post