“Something in the Rain” ကိုရီးယားဇာတ်လမ်းတွဲရဲ့ဒါရိုက်တာ ကွယ်လွန်

မင်းသား ဂျောင်ဟေးအင်း ပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အန်ပန်ဆော့ခ်ဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ သူ ရိုက်ကူးထားပြီး မကြာခင် ထွက်ရှီတော့မယ့် Romance Expert ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်ရေးအဖွဲ့ဟာ ဒါရိုက်တာ ကွယ်လွန်သွားပြီဆိုတာကို ဩဂုတ်လ ၁၂ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

“ဒီဝမ်းနည်းဖွယ်သတင်းကို မျှဝေရတဲ့အတွက် အလွန်ဝမ်းနည်းကြေကွဲရပါတယ်။ ဒါရိုက်တာအန်ပန်ဆော့ခ်ဟာ ဩဂုတ်လ ၁၂ ရက်နေ့၊ အသက် ၆၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲနေတဲ့ မိသားစုရဲ့တောင်းဆိုချက်အရ ကျွန်တော်တို့ ဒီသတင်းကို မျှဝေရတာပါ။ လက်ရှိမှာ မိသားစုဝင်တွေ ဝမ်းနည်းပူဆွေးနေရပြီး ကွယ်လွန်သူကို တိတ်တဆိတ်နှုတ်ဆက်လိုတဲ့အတွက် နာရေးဆောင်ရွက်မှုတွေကို လျှို့ဝှက်ထားဖို့ တောင်းဆိုပါတယ်။ ထပ်ပြီးတော့ ကျွန်တော်တို့ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရပါတယ်လို့ ပြောကြားပါရစေ။ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့လက ဒါရိုက်တာအန်ပန်ဆော့ခ်ဟာ ဦးနှောက်သွေးယိုစိမ့်မှုကြောင့် သတိလစ်ပြီး ဆေးရုံတက်ကာ ဆေးကုမှုခံယူခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ထုတ်လုပ်ရေးကုမ္ပဏီက လက်ရှိမှာ ပြန်လည်ကောင်းမွန်နေပါပြီ။ ရိုက်ကူးမှုပြီးစီးပြီးနောက် တည်းဖြတ်မှုကလည်း ပြီးစီးသွားပါပြီလို့ ပြောကြားခဲ့တာပါ။

ဒါရိုက်တာအန်ပန်ဆော့ခ်က ၁၉၈၇ ခုနှစ်မှာ MBC ရဲ့ ဒရာမာဌာနမှာ ပရိုဂျူဆာအနေနဲ့ အနုပညာလောကထဲ ဝင်ရောက်ခဲ့တာပါ။ ၁၉၉၄ ခုနှစ်ကျမှ ဒါရိုက်တာလုပ်ခဲ့တာပါ။ သူဟာ “ Behind the White Tower ” , “ Something in the Rain ” , “ One Spring Night ” , “ The Midnight Romance in Hagwon.”အပါအဝင် နာမည်ကြီးဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့ပါတယ်။ မကြာသေးခင်ကမှ ရိုက်ကူးခဲ့တဲ့ ” Romance Expert ” ဇာတ်လမ်းတွဲက အောက်တိုဘာလမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတာပါ။ ဒီဇာတ်လမ်းတွဲက သူ ရိုက်ကူးခဲ့တဲ့ နောက်ဆုံးဇာတ်လမ်းတွဲဖြစ်သွားခဲ့ပါတယ်။

Ref: Director Ahn Pan Seok Passes Away

WL (ရိုးရာလေး)

The post “Something in the Rain” ကိုရီးယားဇာတ်လမ်းတွဲရဲ့ဒါရိုက်တာ ကွယ်လွန် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post