Spider Man; Brand New Day ရုပ်ရှင်ကားဟာ လက်ရှိရုံတင်ပြနေတဲ့ ဇာတ်ကားတွေကို ကျော်ပြီး ၄ ပတ်မြောက်တဲ့အထိ Box Office မှာ ပထမနေရာမှာ ရှိနေပါတယ်။ မြောက်အမေရိကမှာ ကန်ဒေါ်လာ ၈၅၄.၉ သန်းကျော်ရရှိထားတဲ့ ဒီရုပ်ရှင်ကားက မကြာခင်မှာ တစ်ချိန်လုံး ဒုတိယဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်လာဖို့အတွက် Avengers: Endgame ကို ကျော်သွားတော့မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီစံချိန်ကို ကိုင်ထားတာက Star Wars: The Force Awakens ( ကန်ဒေါ်လာ၉၃၆.၇ သန်း) ဖြစ်ပါတယ်။
ပြည်တွင်း Box Office အရ အမေရိကန်နဲ့ ကနေဦးရုပ်ရှင်ရုံတွေမှာ သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ခန့်မှန်းလက်မှတ်ရောင်းချမှုကို ထည့်သွင်းတွက်ချက်ထားတဲ့ ထိပ်ဆုံးရုပ်ရှင် ၁၀ ကားစာရင်းကတော့
၁။ Spider-Man: Brand New Day (ကန်ဒေါ်လာ ၃၉ သန်း)
၂။ Insidious: Out of the Further (ကန်ဒေါ်လာ၂၅.၃ သန်း)
၃။ The Odyssey (ကန်ဒေါ်လာ ၁၉.၅ သန်း)
၄။ Paw Patrol: The Dino Movie (ကန်ဒေါ်လာ ၉.၁ သန်း)
၅။ The End of Oak Street (ကန်ဒေါ်လာ ၉ သန်း)
၆။ Mutiny (ကန်ဒေါ်လာ ၇.၅ သန်း)
၇။ Tony (ကန်ဒေါ်လာ ၅ သန်း)
၈။ The Fast and the Furious (25th anniversary re-release), (ကန်ဒေါ်လာ ၃.၁ သန်း)
၉။ Spa Weekend (ကန်ဒေါ်လာ ၃.၁ သန်း)
၁၀။Teenage Sex and Death at Camp Miasma (ကန်ဒေါ်လာ ၁.၉ သန်း)
Ref: Spider-Man tops box office in fourth weekend
WL (ရိုးရာလေး)
The post ၄ ပတ်မြောက်အထိ Box Office ရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ Spider Man: Brand New Day appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment