ဂျပန်ရေခဲသေတ္တာကုမ္ပဏီ SDRS ကတော့ လူသားတွေ အအေးခံနိုင်စေမယ့် ရေခဲသေတ္တာတစ်မျိုး တီထွင်ခဲ့ပါတယ်။ သတ္တုကိုယ်ထည်မှာ မှန်တံခါး တပ်ထားတဲ့ Do Hiemon Box ရေခဲသေတ္တာဟာ အပူချိန် ၁၅ ဒီဂရီဆဲလ်စီးယက်ဖြစ်အောင် ပုံသေချိန်ညှိပေးထားပြီး ရေခဲသေတ္တာထဲ ၁၀ မိနစ် ဝင်ထိုင်လိုက်ရုံနဲ့ အပူဒဏ်ကြောင့် ဖြစ်တဲ့ လက္ခဏာတွေကို သက်သာ လျော့ပါးစေလိမ့်မယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ဟာ ဂျပန်နိုင်ငံမှာ ဆောင်းအကုန် နွေအကူးကာလဖြစ်ပြီး အခုနှစ် ဇူလိုင်လ တစ်လတည်း တိုကျိုမြို့မှာတင် အပူဒဏ်ကြောင့် ဆေးရုံရောက်သူ ၄၈ ဦးအထိ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း လူသားတွေ အအေးခံနိုင်စေမယ့် ရေခဲသေတ္တာ ဖန်တီးပေးဖို့ တောင်းဆိုမှုတွေ ပိုများလာခဲ့တာပါ။
အလွန်အကျွံ အအေးခံခြင်းကို ဟန့်တားနိုင်စေဖို့အတွက် လူတစ်ဦး အအေးခံပြီးတာနဲ့ မိနစ် ၂၀ ကြာရင် Do Hiemon Box ရေခဲသေတ္တာက အလိုအလျှောက် ပိတ်သွားမှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့ပေမဲ့ ဈေးကွက်အတွင်း စတင်မှာယူနိုင်ပြီဖြစ်ပြီး ယန်း ၁.၅ သန်း( အမေရိကန်ဒေါ်လာ ၉၂၀၀) ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။
Ref: Japanese Company Launches Bizarre Refrigerators for Humans
NZ (ရိုးရာလေး)
The post လူသားတွေ အအေးခံနိုင်စေမယ့် ရေခဲသေတ္တာ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment