ကလေးမလေးတစ်ယောက်ဟာ ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဆီက အကောင်းဆုံးလက်ဆောင်ရခဲ့ပါတယ်။ အခုလိုလက်ဆောင်ရခဲ့တဲ့နောက်ကွယ်က ဇာတ်လမ်းလေးကိုတော့ သူ့မိသားစုက ဘယ်တော့မှ မေ့မရနိုင်ဖြစ်ခဲ့ပါပြီ။
ဧပြီလက နာတာလီ ဟူလက်ဆိုသူက အိမ်နီးနားချင်းအသစ် ဂီတာပညာရှင် အီသန်ဟာရီဆိုသူဆီ စက္ကူလေယာဉ်တစ်စင်းနဲ့ သီချင်းတောင်းဆိုမှုလုပ်ခဲ့တဲ့ သူ့ရဲ့အသက် ၈ နှစ်အရွယ်သမီးဖြစ်သူ မာဒယ်လင်းရဲ့ဗီဒီယိုတစ်ခုကို TikTok မှာ တင်ခဲ့တာပါ။
“ဟိုင်း..ဂစ်တာတီးနေတာကို ကြားတယ်။ သမီး အိမ်စာလုပ်နေတာ၊ တေလာဆွစ်သီချင်းကို တီးပေးလို့ရမလား သိချင်လို့ပါ”လို့ စက္ကူလေယာဉ်လေးမှာ ရေးသားထားပါတယ်။ အဲ့ဒီစာကို အီသန်က တွေ့ပြီးနောက် တေလာဆွစ်ဖ်ရဲ့ “Love Story” သီချင်းကို တီးပေးခဲ့ပြီး မာဒယ်လင်က သူ့ရဲ့ပြတင်းပေါက်ကနေ အတူလိုက်ဆိုပေးခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုက TikTok မှာ လူသိများသွားခဲ့ပြီး တေလာဆွစ်ဖ်ဆီ ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် တေလာက မာဒယ်လင်းဆီ လက်ရေးစာနဲ့ သူ့ပုံရော သူ့လက်မှတ်ပါပါတဲ့ ဂစ်တာတစ်လုံးကို ပို့ပေးခဲ့ပါတယ်။
“ချစ်လှစွာသော မာဒယ်လင်းလေး…မင်းရဲ့အိမ်နီးချင်းကို ငါ့သီချင်းတီးပေးဖို့ တောင်းဆိုခဲ့လို့ ငါ အရမ်းပျော်ရွှင်ရတယ်ဆိုတာ မင်းကို သိစေချင်ပါတယ်။ မင်းက ငါ့မျက်နှာကို ပြုံးပန်းဆင်ပေးနိုင်ခဲ့တယ်။ ငါ မင်းရဲ့ကိုယ်ပိုင်ဂစ်တာကို ပို့ပေးလိုက်တယ်။ မင်း ဂစ်တာတီးသင်လို့ရတာပေါ့။ ထပ်ပြီးကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါ့ရဲ့အချစ်တွေကို မင်းဆီပို့ပေးလိုက်ပါတယ်”လို့ တေလာဆွစ်က လက်ရေးစာမှာ ရေးသားထားပါတယ်။
Ref: Taylor Swift sends guitar to young fan who requested neighbor play her music
WL (ရိုးရာလေး)
The post အိမ်နီးနားချင်းကို သူ့ရဲ့သီချင်းတီးပေးဖို့ တောင်းဆိုခဲ့တဲ့ ပရိသတ်လေးကို ဂစ်တာလက်ဆောင်ပို့ပေးခဲ့တဲ့ တေလာဆွစ်ဖ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment