နော်ဝေမှာ ဒုတိယမြောက်မင်္ဂလာပွဲကျင်းပခဲ့တဲ့ ထိုင်းနာမည်ကြီးစုံတွဲ Nadech နဲ့ Yaya

မြန်မာပရိသတ်တွေ ချစ်ခင်နှစ်သက်တဲ့ ထိုင်းနာမည်ကြီးစုံတွဲတွေထဲကတစ်တွဲဖြစ်တဲ့ မင်းသား Nadech Kugimiya နဲ့ မင်းသမီး Yaya Urassaya စုံတွဲဟာ မေလ ၂၃ ရက်နေ့က တရားဝင်လက်ထပ်လိုက်ပါပြီ။ Yayaရဲ့ မွေးရပ်မြေ နော်ဝေမှာ လက်ထပ်ခဲ့တာဖြစ်ပြီး မင်္ဂလာပွဲအငွေ့အသက်လေးက တော်တော်လေး ကြည်နူးစရာလေးပါပဲ။

သူတို့မင်္ဂလာပွဲဟာဆိုရင် ပရိသတ်တော်တော်များများစောင့်ဆိုင်းနေရခဲ့တဲ့ တစ်နှစ်တာမျှော်လင့်ရဆုံးမင်္ဂလာပွဲဆင်နွှဲမှုလို့ ဆိုရမှာဖြစ်ပါတယ်။ သူတို့စုံတွဲဟာ မင်္ဂလာပွဲက စွဲမက်ဖွယ်ကောင်းတဲ့ဓာတ်ပုံတွေကို “Mr. & Mrs” စာသားနဲ့ အင်စတာဂရမ်မှာ တင်ပေးထားပါတယ်။

Nadech နဲ့ Yaya တို့ကို ဒဏ္ဍာရီပုံပြင်တွေထဲက မင်းသားလေးနဲ့ မင်းသမီးလို စွဲဆောင်မှုရှိနေတာကို မင်္ဂလာဆောင်ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲက ပျော်ရွှင်မှုအပြည့်၊ စိတ်လှုပ်ရှားမှုအပြည့်နဲ့ပါပဲ။

ဧပြီ ၁၇ ရက်နေ့ကလည်း ပထမဆုံးမင်္ဂလာပွဲကို ထိုင်းနိုင်ငံ၊ ခွန်ကန်မြို့မှာ အီဆန်စတိုင်နဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ကျင်းပပြုလုပ်ခဲ့ပါတယ်၊။

Ref: Nadech Kugimiya ‌and Yaya Urassaya Tied The Knot in Norway

WL (ရိုးရာလေး) 

The post နော်ဝေမှာ ဒုတိယမြောက်မင်္ဂလာပွဲကျင်းပခဲ့တဲ့ ထိုင်းနာမည်ကြီးစုံတွဲ Nadech နဲ့ Yaya appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post