Disney+ရဲ့ မူရင်းဇာတ်လမ်းတွဲသစ် “I Am the Sinner”မှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကို မတ်လ ၃၁ ရက်နေ့က အတည်ပြုခဲ့ပါပြီ။ ဒီဇာတ်လမ်းတွဲသစ်မှာ ကိုရီးယားထိပ်တန်းမင်းသားချော ပတ်ဆိုးဂျွန်အပြင် မင်းသား အန်တေးဂို နဲ့ မင်းသမီး ဂျိုဟေးဂျိုးတို့လည်း ပါဝင်ထားပါတယ်။
မင်းသား ပတ်ဆိုးဂျွန်က Paeng အမည်ရတဲ့ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကောင်ဆိုသူက ၁၉၈၈ ခုနှစ် ဆိုးလ်အိုလံပစ်မတိုင်ခင် ရုတ်တရက်ပေါ်လာခဲ့ပြီးအခြားသူတွေကို မူးယစ်ဆေးရောင်းဝယ်မှုထဲ ဆွဲသွင်းမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့သူပါ။
ဇာတ်ညွှန်းဖတ်ပွဲကို မကြာသေးခင်မှ ပြုလုပ်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး ပတ်ဆိုးဂျွန်က “ကျွန်တော် စောင့်ဆိုင်းနေခဲ့တဲ့ ဇာတ်ကောင်နဲ့ ဇာတ်လမ်းပါပဲ။ သရုပ်ဆောင်မင်းသားတစ်ယောက်အနေနဲ့ သဘာဝအလျောက် ရည်မှန်းချက်တွေနှိုးဆွပေးတဲ့ပရောဂျက်တစ်ခုပါ။ ကျွန်တော့်ရဲ့အရင်ဇာတ်ကားတွေနဲ့ လုံးဝကွဲထွက်တဲ့ ရှုထောင့်တစ်ခုကို ပြသသွားမှာပါ။ Paeng ဇာတ်ရုပ်ကနေတဆင့် ကျွန်တော့်ရဲ့ပုံစံအသစ်ကို တင်ဆက်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ဆိုထားပါတယ်။
“I Am the Sinner” ဇာတ်လမ်းတွဲက နာမည်တူ အွန်လိုင်းကာတွန်းတစ်ခုကို အခြေခံထားပါတယ်။ ၁၉၈၀ ပြည့်နှစ်ကို ဇာတ်အိမ်တည်ထားပြီး မြေအောက်ကမ္ဘာမှာ အသက်ရှင်ကျန်ရစ်ပြီး အန္တရာယ်များတဲ့အခွင့်အရေးတစ်ခုအတွက် သူတို့ရဲ့အသက်ကို စွန့်ကြတဲ့ သူတွေအကြောင်းဖြစ်ပါတယ်။
Ref: Park Seo Joon and Uhm Tae Goo confirmed for Disney+ crime series ‘I Am the Sinner’
WL (ရိုးရာလေး)
The post ရာဇဝတ်မှုဇာတ်လမ်းတွဲအသစ်မှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်မယ့် မင်းသား ပတ်ဆိုးဂျွန် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment