အသက် ၈ နှစ်အရွယ် ၂ တန်းကျောင်းသားလေးရဲ့ အရုပ်ဒီဇိုင်းက Artemis II လမစ်ရှင်စတင်တဲ့အချိန် အာကာသယာဉ်မှူးတွေဖြစ်တဲ့ ရိဒ် ဝိုက်စ်မန်း၊ ဗစ်တာ ဂလိုဗာ၊ ခရစ္စတီးနား ကော့ချ်နဲ့ ဂျရယ်မီ ဟန်ဆန် တို့နဲ့အတူ ဒုံးပျံနဲ့ ပါသွားပါတယ်။ (Artemis II လမစ်ရှင်ဆိုတာက NASA ဟာ လကမ္ဘာဆီ လူသား ၄ ဦး လိုက်တဲ့ (၁၀) ရက်ကြာ ပတ်ပျံမယ့်သမိုင်းဝင် စမ်းသပ်ယာဉ်ပျံသန်းမှုဖြစ်ပါတယ်)။ ဒီမစ်ရှင်က အာကာသလွှတ်တင်ရေးစနစ် { the Space Launch System (SLS) }ဒုံးပျံကို အသုံးပြုထားပါတယ်။

လူးကပ်စ် အီးဆိုတဲ့ အဲ့ဒီကလေးလေးက ကြယ်စုနဲ့ ဒုံးပျံတွေကို မီးမောင်းထိုးပြတဲ့ ကမ္ဘာမြေဦးထုပ်ကို ဝတ်ဆင်ထားတဲ့ အဖြူရောင်လအရုပ်ကို ဒီဇိုင်းထုတ်ခဲ့တာပါ။ အဲ့ဒီအရုပ်ကို Rise လို့ အမည်ပေးထားပါတယ်။ ၁၉၆၈ ခုနှစ်က Apollo 8 မစ်ရှင်အတွင်း ရိုက်ကူးခဲ့တဲ့ နာမည်ကျော် Earthrise ဓာတ်ပုံကနေ လှုံ့ဆော်မှုရထားတဲ့ လူးကပ်စ်ရဲ့ဒီဇိုင်းက မတ်လကုန်ကမှ NASA Artemis II မစ်ရှင်ရဲ့တရားဝင်ကိုယ်စားပြုအမှတ်တံဆိပ်အရုပ်အဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က ဝင်ရောက်ယှဉ်ပြိုင်သူ ၂၆၀၀ ထဲကနေ ရွေးချယ်ခံခဲ့ရတာပါ။ လူးကပ်စ်က အာကာသစူးစမ်းလေ့လာရေးကို အလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။
Artemis II မစ်ရှင်ရဲ့အာကာသယာဉ်မှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ ခရစ္စတီးနား ကော့ချ်က လူးကပ်စ်ရဲ့ Rise အရုပ်ကို မတ်လ ၂၇ ရက်နေ့က Kennedy Space Center ရှိ အခမ်းအနားမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ Rise က Artemis II အာကာသယာဉ်မှူးတွေရဲ့ သုညဆွဲငင်အားညွှန်ပြချက်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး သူတို့ရဲ့ခရီးစဉ်အတွင်း အပေါ်သို့ ပျံဝဲနေတဲ့အခါ အလေးချိန်မဲ့အခြေအနေကို ရောက်ရှိသွားပြီလို့ အသိပေးမှာဖြစ်ပါတယ်။

Artemis II မစ်ရှင်အဖြစ် အာကာသယာဉ်မှူး ၄ ဦးလိုက်ပါတဲ့ Orion ယာဉ်ကို နာဆာရဲ့ အာကာသလွှတ်တင်ရေးစနစ် (SLS) ဒုံးပျံနဲ့ ဧပြီ ၁ ရက် ကလွှတ်တင်ခဲ့တာဖြစ်ပြီး ၁၀ ရက်ကြာမြင့်မှာဖြစ်ပါတယ်။
Ref: 8-year-old’s plush toy design going to the moon with Artemis II mission
WL (ရိုးရာလေး)
The post Artemis II မစ်ရှင်အဖြစ် လကမ္ဘာခရီးစဉ်မှာ အာကာသယာဉ်မှူး ၄ ဦးနဲ့အတူ ပါသွားတဲ့ ကိုယ်စားပြုအမှတ်တံဆိပ်အရုပ်ကို ၈ နှစ်သားလေးက ဒီဇိုင်းထုတ်ထား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment