မီးဘေးသင့်သူတွေကို အသက်ကယ်တင်ဖို့ ကြိုးပမ်းရင်း အသက်ဆုံးရှုံးခဲ့တဲ့ မီးသတ်သမားကို ဂုဏ်ပြုတဲ့အနေနဲ့ ဟောင်ကောင်အစိုးရက ကျန်ရစ်သူ မိသားစုကို ဟောင်ကောင်ဒေါ်လာ ၆.၁၅ သန်း ( မြန်မာငွေ သိန်းပေါင်း ၃၂၀၀၀ ကျော်) ပေးအပ်သွားမှာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်က ဝမ်ဖုကော့အိမ်ရာဝန်းအတွင်း ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုဟာ ဆယ်စုနှစ်များစွာအတွင်း ဟောင်ကောင်မှာ လူသေဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှုဖြစ်ပြီး လူ ၁၆၈ ဦး သေဆုံးခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် မီးသတ်သမား ဟိုဝေဟိုဟာ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ဖို့ ကြိုးပမ်းရင်း အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
ဟိုဝေဟိုရဲ့ ရဲစွမ်းသတ္တိရှိမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဟောင်ကောင်အစိုးရက ကျန်ရစ်သူမိသားစုထံ ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
Ref: Hong Kong grants HK$6.15 million to family of firefighter killed in Tai Po blaze
NZ (ရိုးရာလေး)
The post တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးရှုံးခဲ့တဲ့ မီးသတ်သမားရဲ့ ကျန်ရစ်သူမိသားစုကို ဟောင်ကောင်အစိုးရက ဒေါ်လာ ၆.၁၅ သန်း ပေးအပ်မည် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment