ကောင်မလေးတစ်ဦးဟာ သူ့ရဲ့သွားကိုပဲ အသုံးပြုပြီး မုန်လာဥနီတွေမှာ အသေးစိတ်ကျတဲ့ပန်းပုလက်ရာတွေကို ဖန်တီးပုံဖော်နိုင်တဲ့ အရည်အချင်းကြောင့် လူမှုကွန်ယက်ပေါ်မှာ လူသိများလာခဲ့ပါတယ်။ သူကတော့ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်မှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ချန်ချင်ဆိုတဲ့ ကောင်မလေးပါ။ သူဟာ သူ့ရဲ့ထူးခြားတဲ့ လက်ရာဗီဒီယိုတွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပါ။ သူ့ရဲ့ဖန်တီးမှုတွေမှာ သေးငယ်တဲ့ တိရစ္ဆာန်တွေနဲ့ ကာတွန်းဇာတ်ကောင်တွေကစလို့ ကြီးမားတဲ့ရုပ်တုတွေလည်း ပါဝင်ပါတယ်။
ချန်ချင်က တရုတ်နိုင်ငံ့ရဲ့အထင်ကရအမှတ်အသားတွေဖြစ်တဲ့ မဟာတံတိုင်းနဲ့ ကြိုးကြာဝါမျှော်စင်တွေရဲ့ပုံစံငယ်တွေကိုလည်း ဖန်တီးထားပါတယ်။ သူက ဖီးနစ်ခေါင်းဆောင်းသရဖူအပါအဝင် တရုတ်ရိုးရာအသုံးအဆောင်ပစ္စည်းတွေကိုလည်း ဖန်တီးပါတယ်။ သူ့ရဲ့လက်ရာတိကျမှုက သူ့ရဲ့ပါးစပ်ထဲမှာ 3D Printer ဖွက်ထားပုံရတယ်လို့ လူအများကို စနောက်မှုတွေဖြစ်စေခဲ့ပါတယ်။

သူက ပရော်ဖက်ရှင်နယ်ပန်းပုဆရာမဟုတ်ပေမဲ့ ကျောင်းနဲ့ကောလိပ်တွေမှာ ဂရပ်ဖစ်ဒီဇိုင်းနဲ့ 3D မော်ဒယ်လ်တွေကို လေ့လာသင်ယူခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက ပန်းချီပညာမှာ အလွန်စိတ်ဝင်စားခဲ့တာပါ။
သူ အခုလိုပန်းပုလက်ရာတွေထွင်းတာက ၂၀၂၅ ခုနှစ် နွေဦးပွဲတော်အတွင်းစတင်ခဲ့တာပါ။ အဲ့ဒီအချိန်တုန်းက သူဟာ မုန်လာဥနီစားရင်း တီဗီကြည့်ရင်းနဲ့ မသိစိတ်က ပုံဖော်နေခဲ့တာပါ။ သူ့ရဲ့အရည်အချင်းကို နားလည်သွားပြီးနောက် အဲ့ဒီလမ်းကြောင်းနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူက မုန်လာဥနီကို အပိုင်းပိုင်းဖြတ်ဖို့အတွက်ပဲ ဓားကို အသုံးပြုပါတယ်။ သူ့သွားနဲ့ပဲ မုန်လာဥနီကို ရုပ်တုတွေထွင်းခဲ့ပါတယ်။ သူဟာ မဟာတံတိုင်းလို ရှုပ်ထွေးတဲ့ဒီဇိုင်းလက်ရာကို ဖန်တီးဖို့ ၁ ပတ်အချိန်ယူရပါတယ်။
သူက မုန်လာဥနီနဲ့ ပန်းပုလက်ရာတွေ ၁၀၀ ကျော်ဖန်တီးပြီးသွားပါပြီ။ မကြာသေးခင်ကမှ သူ့ရဲ့လက်ရာတွေကတဆင့် ကလေးတွေကို သမိုင်းကြောင်းစပြောဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လက်ရာတွေမှာ အသုံးပြုခဲ့တဲ့ မုန်လာဥနီတွေဟာ သူ့မိသားစုရဲ့ခြံက ဖြစ်ထွန်းတာပါ။ ထွင်းထုလို့ ကျန်နေတဲ့ မုန်လာဥအပိုင်းအစတွေကို အလေအလွင့်မဖြစ်အောင် ချက်ပြုတ်ဖို့နဲ့ တိရစ္ဆာန်တွေကို ကျွေးဖို့ သုံးပါတယ်။

ချန်ချင်က သူ့ရဲ့ပန်းပုလက်ရာတွေကို ဖန်တီးရာမှာ ဆိုးကျိုးအနည်းငယ်ရှိတယ်လို့ ဝန်ခံထားပါတယ်။ သူဟာ မကြာခဏ သွားနာတာနဲ့ ပါးနားတွေခံစားရပြီး သူ့ရဲ့မေးရိုးကလည်း အချိန်ကြာလာတာနဲ့အမျှ အရွယ်အစားပိုကြီးလာတယ်လို့ ဆိုပါတယ်။
Ref: Chinese Woman Creates Detailed Sculptures Using Her Teeth, Including Replica Of Great Wall Of China
WL (ရိုးရာလေး)
The post သွားကိုအသုံးပြုပြီး မုန်လာဥနီပန်းပုလက်ရာတွေထွင်းထုဖန်တီးတဲ့ ကောင်မလေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment