မင်းသားကြီးအာနိုးရဲ့သားဖြစ်သူက သူ့ရဲ့ပထမဆုံးကာယဗလမောင်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့

ဝါရင့်မင်းသားကြီး အာနိုးရှဝါဇနက်ဂါရဲ့သားဖြစ်သူ ဂျိုဇက် ဘီနာဟာ တရားဝင်ကာယဗလမောင်ချန်ပီယံဖြစ်သွားပါပြီ။ အသက် ၂၈ နှစ်အရွယ် ဂျိုဇက်က သူ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ NPC Natural Colorado State ပြိုင်ပွဲမှာ the Men’s Open Body Heavy Weight Class, Men’s Classic Physique True Novice နဲ့ Men’s Class Physique Novice ဆုအမျိုးအစားအပါအဝင် ဆုအမျိုးအစားများစွာမှာ ပထမနေရာရရှိသွားခဲ့တာပါ။

ဂျိုဇက်က အခုအောင်မြင်မှုရရှိခဲ့တာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။ သူဟာ ကယ်လီဖိုးနီးယားပြည်နယ်က Venice Beach ရှိ Gold’s Gym မှာ သူ့ရဲ့အဖေဆီကနေ သင်ယူမှုနည်းလမ်းတွေလက်ခံပြီးတော့ အချိန်တော်တော်ကြာ လေ့ကျင့်ရေးဆင်းခဲ့တာပါ။

မင်းသားကြီးအားနိုးက ၁၉၆၀ ခုနှစ်မှာ အမေရိကန်နိုင်ငံကို မပြောင်းရွှေ့ခင် အဲ့ဒီ Gym မှာပဲ လေ့ကျင့်ရေးဆင်းခဲ့တာပါ။ သူက အကောင်းဆုံးကာယဗလမောင်တွေထဲက တစ်ယောက်ဖြစ်ခဲ့ပြီး Mr. Olympia ဆုကို (၇) ကြိမ်နဲ့ Mr.Universe ဆုကို ၅ ကြိမ်ရရှိခဲ့တာပါ။ ကာယဗလမောင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာကို ၁၉၈၀ ခုနှစ်မှာ ရပ်တန့်ခဲ့တာပါ။

သားဖြစ်သူ ဂျိုဇက်က သူ့အဖေရဲ့ခြေရာအတိုင်း ကာယဗလမောင်ဖြစ်ခဲ့ပါပြီ။ ဂျိုဇက်က အထက်တန်းကျောင်းမှာ ဝတုတ်လေးဖြစ်ခဲ့ပြီး သူ့ရဲ့ကိုယ်အလေးချိန်ကြောင့် သူ့ရဲ့အတန်းဖော်တွေက သူ့ကို နှောင့်ယှက်ခဲ့ကြတယ်။ ဘတ်စကက်ဘောနဲ့ ဘောလုံးအသင်းတွေကနေလည်း ထုတ်ပယ်ခံခဲ့ရတယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

Ref: Arnold Schwarzenegger’s Son Joseph Baena Wins His First Bodybuilding Competition

WL (ရိုးရာလေး) 

The post မင်းသားကြီးအာနိုးရဲ့သားဖြစ်သူက သူ့ရဲ့ပထမဆုံးကာယဗလမောင်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post