အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း ဒါရိုက်တာ ကွမ်တင် တာရန်တီနို သေဆုံးခဲ့တယ်ဆိုတဲ့သတင်း အမှားသာဖြစ်

Kill Bill ဇာတ်ကားတွေနဲ့ လူသိများတဲ့ ဟောလိဝုဒ်ဒါရိုက်တာ ကွမ်တင် တာရန်တီနိုနဲ့ သူ့ဇနီးအစ္စရေးမင်းသမီး ဒန်နီရယ်လာ ပစ်ခ်တို့ဟာ အနောက်အာရှမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အီရန်က အစ္စရေးအပေါ် လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ဒီသတင်းဟာ မှားနေပါတယ်။ ကွမ်တင်နဲ့သူ့မိသားစုဟာ ဘေးကင်းကျန်းမာနေတယ်လို့ ကွမ်တင်နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက TMZ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဖော်လိုဝါ ၁၅၀၀၀၀ ကျော်ရှိတဲ့ X အကောင့်တစ်ခုက ကွမ်တင်သေဆုံးခဲ့တယ်ဆိုတဲ့ပို့စ်ကို တင်ခဲ့ပြီးနောက် လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့တာပါ။ အခုတော့ အဲ့ဒီပို့စ်ကို မတွေ့ရတော့ပါဘူး။

ဒါရိုက်တာကွမ်တင်က သူ့မိသားစုနဲ့အတူ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မှာ နေထိုင်နေခဲ့တာ ၆ နှစ်နီးပါးရှိပါပြီ။ သူဟာ တဲလ်အဗစ်နဲ့ သူ့ရဲ့ဇာတိ လော့စ်အိန်ဂျလိစ်ကို သွားလိုက်ပြန်လိုက်လုပ်ပါတယ်။ အစ္စရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား တင်းမာမှုတွေရှိပေမဲ့ အစ္စရေးနိုင်ငံမှာ နေထိုင်ရတာကြိုက်တဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က ပြောပြခဲ့ဖူးပါတယ်။

“ကျွန်တော် အစ္စရေးမှာ နေရတာကြိုက်ပါတယ်။ ကျွန်တော်မကြိုက်ရင် အဲ့ဒီဘယ်ရှိနေပါ့မလဲ။ ကျွန်တော့်ကလေးတွေနဲ့ ကစားတယ်၊ ရပ်ကွက်ထဲ လမ်းလျှောက်တယ်၊ ကျွန်တော့်သူငယ်ချင်းကောင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတယ်”လို့ ကွမ်တင်က ဆိုပါတယ်။

ကွမ်တင်က Inglourious Basterds ဇာတ်လမ်းတွဲအတွက် ပရိုမိုးရှင်းလုပ်တဲ့အချိန် ၂၀၀၉ ခုနှစ်မှာ သူ့ဇနီးဖြစ်သူနဲ့ စတွေ့ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

Ref: Quentin Tarantino Killed In Iran Airstrikes On Israel? Fake News Floods Social Media

WL (ရိုးရာလေး) 

The post အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း ဒါရိုက်တာ ကွမ်တင် တာရန်တီနို သေဆုံးခဲ့တယ်ဆိုတဲ့သတင်း အမှားသာဖြစ် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post