ပရော်ဖက်ရှင်နယ်နပန်းသမား လိုဂန် ပေါ်လ် ပိုင်ဆိုင်ခဲ့တဲ့ ရှားပါးပိုကီမိုကတ်ဟာ ကန်ဒေါ်လာ ၁၆.၄၉ သန်း(စင်ကာပူဒေါ်လာ ၂၀.၈ သန်း) နဲ့ သီးသန့်လေလံတင်ရောင်းချနိုင်ခဲ့တဲ့ ဈေးအကြီးဆုံးကတ်အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ လိုဂန် ပေါ်လ်က ဒီကတ်ကို WrestleMania 38 ပွဲအတွင်း စိန်စီထားတဲ့ကြိုးနဲ့ တွဲဝတ်ဆင်ခဲ့တာပါ။
စုတ်တံကိုင်ထားတဲ့ ပီကာချူးပါဝင်တဲ့ the Holy Grail of all Pokemon cards ကတ်ဟာ ဂျပန်မဂ္ဂဇင်း CoroCoro Comic က ကျင်းပခဲ့တဲ့ ၁၉၉၈ ခုနှစ် ပုံဆွဲပြိုင်ပွဲရဲ့ဆုရရှိသူတွေကို ပေးအပ်ခဲ့တဲ့ ကတ် ၃၉ ခုထဲက တစ်ခုဖြစ်ပါတယ်။ လိုဂန်က ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၅.၂၇ သန်းနဲ့ ဝယ်ယူခဲ့တာပါ။ သူဟာ ဇန်နဝါရီ ၁၆ ရက်နေ့က Godin Auctions ကနေ လေလံတင်ရောင်းချခဲ့တာပါ။
လေလံတင်ပြီး ၅ ရက်အကြာမှာပဲ ကန်ဒေါ်လာ ၁၆.၄၉၂ သန်းနဲ့ ရောင်းထွက်သွားခဲ့တာပါ။ ဒီကတ်ကို ဝယ်ယူသွားခဲ့တာက အမေရိကန်စွန့်ဦးတီထွင်လုပ်ငန်းရှင် AJ Scaramucci ဆိုသူဖြစ်ပါတယ်။
Ref: Logan Paul’s ‘holy grail’ Pokemon card sells for record-breaking $20.8 million
WL (ရိုးရာလေး)
The post သူ့ရဲ့ရှားပါး ပိုကီမိုကတ်ကို ကန်ဒေါ်လာ ၁၆ သန်းကျော်နဲ့ လေလံတင်ရောင်းချနိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ်နပန်းသမား လိုဂန် ပေါလ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment