အမျိုးသားတစ်ဦးဟာ မြင်းနှစ်ကို ကြိုဆိုတဲ့အနေနဲ့ အလူမီနီယမ်ကြိုးမျှင် ၂၆၀၀ မီတာကျော်နဲ့ မြင်းရုပ်တုကြီး ဖန်တီးခဲ့ပါတယ်။ သူဟာ တရုတ်နိုင်ငံအရှေ့ပိုင်းရှန်တုံပြည်နယ်၊ ချင်းကျိုးမြို့က အလူမီနီယမ်လက်မှုပညာရှင် ယန်ဆိုသူဖြစ်ပါတယ်။

အဲ့ဒီမြင်းရုပ်ကို “ကောင်းချီးမင်္ဂလာကို ကြိုဆိုနေတဲ့ ဒဏ္ဍာရီလာမြင်း”လို့ အမည်ပေးထားပါတယ်။ ရှေ့ခြေထောက် ၂ ချောင်းကို မြှောက်ထားပြီး နောက်ခြေထောက် ၂ ချောင်းကို မြေပြင်ပေါ်ရပ်ကာ ခေါင်းကို နောက်ဘက်လှည့်ထားတဲ့ ရွှေရောင်မြင်းရုပ်ဖြစ်ပါတယ်။ မြင်းရဲ့ကုန်းနှီးနဲ့ ဇက်ကြိုးကလည်း အရောင်တွေတောက်ပနေပါတယ်။
ယန်က ဒီရုပ်တုကို ဖန်တီးဖို့အတွက် လဝက်ကြာမြင့်ခဲ့ပြီး သူ ဖန်တီးခဲ့သမျှရုပ်တုတွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ အလူမီနီယမ်ကြိုးမျှင်က ဈေးကြီးပေမဲ့ မြင်းရုပ်ရဲ့တန်ဖိုးကိုတော့ သူ ထုတ်ပြောမထားပါဘူး။

ယန်ဟာဆိုရင် အာဏာပိုင်တွေက အသိအမှတ်ပြုထားတဲ့ အလူမီနီယမ်အနုပညာအမွေဆက်ခံသူဖြစ်ပါတယ်။ သူက အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ မြင်းရုပ်တွေ ဖန်တီးဖို့လည်း စီစဉ်ထားပါတယ်။
ယန်ဟာ တရုတ်ရာသီခွင်ရဲ့တိရစ္ဆာန်တွေကို ဖန်တီးတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူက နဂါးနှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ ပျံသန်းနေတဲ့ ရွှေရောင်နဂါးရုပ်တုကြီးကိုလည်း ဖန်တီးခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ ကလေးတွေကို ရိုးရာတရုတ်သတ္တုကြိုးမျှင်ရက်လုပ်တဲ့အနုပညာသင်ကြားပေးဖို့ တောင်ကိုရီးယားနိုင်ငံဆီ ဖိတ်ကြားခံခဲ့ရပါတယ်။

Ref: Chinese man crafts equine figure from 2,600 metres of aluminium to celebrate Year of the Horse
WL (ရိုးရာလေး)
The post မြင်းနှစ်ကို ကြိုဆိုတဲ့အနေနဲ့ အလူမီနီယမ်ကြိုးမျှင် ၂၆၀၀ မီတာကျော်ကို အသုံးပြုပြီး မြင်းရုပ်တုဖန်တီးခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment