သားဦးလေးဖေဖေဖြစ်သွားတဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ထိုင်းမင်းသားချော James Jirayu

မြန်မာပရိသတ်တွေရော နိုင်ငံတကာက ပရိသတ်တွေပါ ကြိုက်နှစ်သက်ခဲ့ရတဲ့ ထိပ်တန်းထိုင်းမင်းသားချော James Jirayu ဟာ သားဦးလေးကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဇနီးဖြစ်သူ Foam က သားဦးလေးကို ဇန်နဝါရီ ၂၂ ရက်နေ့က မွေးဖွားခဲ့ပါတယ်။


သားဦးလေးရဲ့ချစ်စရာဓာတ်ပုံတွေကို အင်စတာဂရမ်အကောင့်မှာ James က မျှဝေပေးခဲ့တာပါ။  ” သူ့ရဲ့ခံစားချက်ကတော့ ပျော်ရွှင်လွန်းလို့ သားလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ ဘယ်လောက်နက်ရှိုင်းသလဲ၊ ဘယ်လောက်ပျော်ရွှင်ရသလဲ မသိလောက်အောင်ကိုဖြစ်နေတာပါ။ ရှင်းပြလို့မရနိုင်တဲ့ ခံစားချက်ပါပဲ။ အရမ်းအရမ်းကိုထူးကဲလို့နေပါတယ် ” လို့လည်း ရေးသားထားပါတယ်။ ဓာတ်ပုံတွေတင်ခဲ့တာအပြင် သားဦးလေးရဲ့နာမည်ပြောင်က ချစ်ခြင်းမေတ္တာတွေ့ရှိခြင်းလို့ အဓိပ္ပာယ်ရတဲ့ Nong Phoprak ဖြစ်တယ်လို့ James က ထုတ်ပြောထားပါတယ်။ 


James Jirayu က ဇနီးဖြစ်သူ Foam နဲ့ ချစ်သူသက်တမ်း ၁၀ နှစ်ကျော်အကြာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 


Ref: A Heartthrob James Jirayu Welcomed His First Newborn Son to The Family

WL (ရိုးရာလေး) 

The post သားဦးလေးဖေဖေဖြစ်သွားတဲ့ ပျိုတိုင်းကြိုက်နှင်းဆီခိုင်ထိုင်းမင်းသားချော James Jirayu appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post