ဖိလစ်ပိုင်မှာ ကူးတို့သင်္ဘောတိမ်းမှောက်မှုကြောင့် ၁၅ ဦးသေဆုံး၊ ၂၈ ဦး ပျောက်ဆုံးနေ

ခရီးသည် ၃၅၉ ဦး တင်ဆောင်လာတဲ့ကူးတို့သင်္ဘောတစ်စီးဟာ ဇန်နဝါရီ ၂၆ ရက်နေ့ မနက်ခင်းစောစောမှာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ တိမ်းမှောက်ခဲ့ပါတယ်။ အနည်းဆုံး လူ ၁၅ ဦး (ကလေးငယ် ၁ ဦးပါဝင်) သေဆုံးကာ လူ ၂၈ ဦး ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ကူးတို့သင်္ဘောဟာ ခရီးသည် ၃၃၂ ဦးနဲ့ သင်္ဘောအမှူထမ်း ၂၇ ဦးကို တင်ဆောင်ပြီး ဇန်နဝါရီ ၂၅ ရက်နေ့ ည ၉ နာရီ ၂၀ ဝန်းကျင်မှာ ဇမ်ဘိုအန်ဂါဆိပ်ကမ်းမြို့ကနေ ထွက်ခွာလာခဲ့တာပါ။

ကူးတို့သင်္ဘောဟာ ရာသီဥတုအခြေအနေကြောင့် တိမ်းမှောက်ခဲ့ခြင်းမဟုတ်ဘဲ နည်းပညာပိုင်းဆိုင်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပုံရတယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ တိမ်းမှောက်ရခြင်းအကြောင်းအရင်းအသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

ခရီးသည် ၃၁၆ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၅ ဦးရဲ့အလောင်းကို ပြန်ဆယ်ယူနိုင်ခဲ့ကာ ၂၈ ဦးကတော့ ပျောက်ဆုံးနေဆဲပါပဲလို့ ကမ်းရိုးတန်းစောင့်တပ်မှူးက ပြောကြားခဲ့ပါတယ်။ M/V Trisha Kerstin 3 ကူးတို့သင်္ဘော က ဂျိုလိုကျွန်းကို ဦးတည်နေစဉ် တိမ်းမှောက်သွားခဲ့တာပါ။Baluk-Baluk ကျွန်းရဲ့အရှေ့မြောက်ဘက် ရေမိုင် ၂.၇၅ ကီလိုမီတာအကွာမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

Ref: 15 dead after ferry sinks in southern Philippines, 359 on board

WL (ရိုးရာလေး)

The post ဖိလစ်ပိုင်မှာ ကူးတို့သင်္ဘောတိမ်းမှောက်မှုကြောင့် ၁၅ ဦးသေဆုံး၊ ၂၈ ဦး ပျောက်ဆုံးနေ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post