Constantine နောက်ဆက်တွဲဇာတ်ကားအတွက် ကီနူးရိဗ်နဲ့ တိုင်ပင်ဆွေးနွေးထားတယ်ဆိုတဲ့ ဂျိမ်းစ်ဂန်

နတ်ဆိုးတွေကို အမဲလိုက်ရတဲ့ ဂျွန်ကွန်စတန်တင်းအဖြစ် မင်းသားကြီး ကီနူးရိဗ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ရဲ့ နာမည်ကြီးဇာတ်ကား Constantine ရဲ့ နောက်ဆက်တွဲဇာတ်ကားထွက်ရှိဖို့က သေချာသလောက်ဖြစ်နေပါပြီ။ DC Studios ရဲ့ တွဲဖက်အမှုဆောင်ချုပ်၊ ဒါရိုက်တာနဲ့ ထုတ်လုပ်သူ ဂျိမ်းစ်ဂန်ဟာ ၂၀၀၅ ခုနှစ်ရဲ့ နာမည်ကြီးဇာတ်ကား Constantine ရဲ့ နောက်ဆက်တွဲဇာတ်ကားထွက်ရှိဖို့ မင်းသားကြီး ကီနူးရိဗ်နဲ့ တိုင်ပင်ဆွေးနွေးထားတယ်လို့ ဆိုထားပါတယ်။ 

“ကျွန်တော့် တစ်ခုပြီးတစ်ခု ဆွေးနွေးတိုင်ပင်ထားပါတယ်။ ကီနူးနဲ ဆွေးနွေးခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဇာတ်ညွှန်းတော့ မဖတ်ရသေးပါဘူး”လို့ ဂျိမ်းစ်ဂန်က BobaTalks podcast မှာ ပြောကြားခဲ့တာပါ။ 

အခုနှစ်အစောပိုင်းတုန်းက ကီနူးရိဗ်ဟာ ဒါရိုက်တာဖရန်စစ် လော့ရန့်နဲ့အတူ ဒီနောက်ဆက်တွဲဇာတ်ကားဖန်တီးဖို့ကြိုးစားနေခဲ့တာ ဆယ်စုနှစ် ၁ ခုကျော်ပြီဖြစ်ကြောင်း၊ မကြာသေးခင်ကမှ ဇာတ်လမ်းတစ်ပုဒ်ဖြစ်အောင် အတူ ဖန်တီးခဲ့ကြပြီး DC Sudios ကို ထုတ်လုပ်ရိုက်ကူးဖို့ စည်းရုံးခဲ့ကြောင်း၊ Studio က အဆင်ပြေတယ်ပြောလို့ ဇာတ်ညွှန်းရေးဖို့ ကြိုးစားခဲ့ကြောင်း ပြောခဲ့ပါသေးတယ်။ 

Ref: James Gunn and Keanu Reeves discuss Constantine 2 plans

WL ( ရိုးရာလေး)

The post Constantine နောက်ဆက်တွဲဇာတ်ကားအတွက် ကီနူးရိဗ်နဲ့ တိုင်ပင်ဆွေးနွေးထားတယ်ဆိုတဲ့ ဂျိမ်းစ်ဂန် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post